khitthitnews | Неотсортированное

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Подписаться на канал

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးသေဆုံး

ရန်ကုန်၊ မေ ၁

မြန်မာနိုင်ငံတစ်ဝန်း မေလ ၁ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂၉ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

မိုးကုတ်မြို့ အနောက်ခြမ်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်၊ စစ်ကိုင်း ရွာသာယာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၁

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ခြမ်းကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ဧပြီလ ၃ဝ ရက်နေ့ ည ၈ နာရီ ၃ဝ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးကုတ်မြို့ အနောက်ပိုင်း၊ သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ်ကျေးရွာ အကြားကို ပေါင် ၂၅ဝ ဗုံး ၂ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၂၄ ရက်နေ့ကလည်း နောင်ချိုမြို့နယ်ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေ‌ကြောင်းဖြင့် အဆိပ်ငွေ့ဗုံး ၁၁ လုံးနှင့် ၁၂၀ မမ လက်နက်ကြီး ၂၆ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်အင် အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကျဲသည့်လုပ်ရပ်များ ပြုလုပ်နေကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကျဲ တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နားဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က ပြောဆိုထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသာယာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦး ကျည်စ ထိမှန်ကာ သေဆုံးခဲ့ကြောင်း Wetlet informational network ထံမှ သိရှိရသည်။

မေလ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စာရေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရွာသာယာရွာထဲသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်အရွယ် ကလေး ၂ ဦး ကျည်စ ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တံတားဦးဘက်မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ Jet Fighter ၁ စီးသည်လည်း နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ကိုင်းမြို့နယ် မြောက်ခြမ်းသို့ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်သွားကြာင်း ၊ မန္တလေးတိုင်း မတ္တရာမြို့‌ပေါ်ရှိ အကြမ်းဖက် စစ်သားများကလည်း မတ္တရာမြို့ အနောက်ဘက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ရမ်းသမ်းပစ်ခတ်နေကြောင်း Wetlet informational network ထံမှ သိရသည်။

Читать полностью…

Khit Thit Media

အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းသည် "ကမ္ဘာ့အလုပ်သမားနေ့" အထိမ်းအမှတ်နှင့်အတူ စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြ

ရန်ကုန်၊ ​မေ ၁

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်
ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းသည် ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းနှင့်အတူ လူထုအင်အားကောင်းကောင်းဖြင့် ယနေ့ မေလ ၁ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြ ထုတ်ဖော်ခဲ့ကြသည်။

Читать полностью…

Khit Thit Media

ဆီမီးခုံမြို့တွင် စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၂ ဦးပစ်ခတ်ခံရပြီးသေဆုံး၊ သေနတ် ၂ လက်သိမ်း ဆည်းရရှိ

ရန်ကုန်၊ မေ ၁

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့တွင်း၌ စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ ရာ သေဆုံးသွားပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Myingyan Black Tiger – MBT တပ် ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့ ည ၈ နာရီခန့်အချိန် ဆီမီးခုံမြို့အတွင်း ကင်းပတ်လှည့်လည်နေသော အ ကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ၃ ဦးစလုံး သေဆုံးသွားပြီး G3 အမျိုအစားသေနတ် ၂ လက်နှင့် ကျည် ၁၈ တောင့်သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

“ ဗိုလ်ရော ပျူ ၂ ဦးရောသေသွားတာ။ သေနတ် ၃ လက်၊ M3 တစ်လက်က ကောက်မရလို့၊ မြို့ထဲဆို တော့ကောက် မရတာ။ အပြန်အလှန်ပစ်ခတ်မှုကတော့ နည်းနည်းပါးပါးဖြစ်သေးတယ်။ ထပ် ကောက်ချိန်မရလို့ ပြန်ဆုတ်လာခဲ့လိုက်ရတာ၊ ကျနော်တို့ MBT တပ်ဖွဲ့အနေနဲ့ အခုလိုမျိုးမြို့တွင်း စစ်ဆင်ရေးတွေကို အရင်ကထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်အောင်ကြိုးစားနေတယ်။ အဲဒါကြောင့် စစ်အုပ်စုရဲ့ အနီးအနားတွေမှာ ပြည်သူတွေသွားလာခြင်းမပြုလုပ်ဖို့တိုက်တွန်းချင်ပါ တယ်” ဟု Myingyan Black Tiger – MBT တပ် ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ရဲဘော်များက ပျောက်ကြား နည်း ဗျူဟာအား အသုံးပြု၍ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

စစ်တပ်၏ ပြည်သူ့စစ်မဟာဗျူဟာ အောင်မြင်ရေးအတွက် စစ်မှုထမ်းဟောင်းအဖွဲ့များကို မောင်းနှင်အား အဖြစ် အားပြုမည်ဟု မင်းအောင်လှိုင်ပြော

ရန်ကုန်၊ မေ ၁

အကြမ်းဖက်စစ်တပ်က ပြည်သူ့စစ်မဟာဗျူဟာ အောင်မြင်ရေးအတွက် စစ်မှုထမ်း ဟောင်း အဖွဲ့များကို မောင်းနှင်အား အဖြစ် အားပြုမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ပြန်ပြောဆိုသည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်မှုထမ်းဟောင်းအထူးညီလာခံတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

စစ်မှုထမ်းဟောင်းအဖွဲ့သည် သီးခြားလွတ်လပ်သည့် စစ်တပ်၏ မိတ်ဆက်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ဗဟိုဌာနချုပ်ရုံး၊ တိုင်း/ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ၂၁ ဖွဲ့၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ၃၀၈ ဖွဲ့တို့ဖြင့် စစ်တပ်၏ အရန်အင်အားအဖြစ် လုံခြုံရေးကိစ္စရပ်များတွင် ပါဝင်နေကြောင်း၊ "တစ်ခါက စစ်သားဖြစ်ခဲ့ဖူးလျှင် အမြဲတမ်းစစ်သားပင်" ဆိုနိုင်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

စစ်မှုထမ်းဟောင်းများအနေဖြင့် စစ်တပ်က ချမှတ်ထားသော ပြည်သူ့စစ်မဟာဗျူအောင်မြင်စေရေးအတွက် စစ်မှုထမ်းဟောင်းအဖွဲ့များ၏ စည်းရုံးရေးစွမ်းရည်ကို မောင်းနှင်အားအဖြစ် ထိရောက်စွာ အားပြုနိုင်ရမည်ဖြစ် ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

အကြမ်းဖက်စစ်တပ်က လက်ရှိတွင်လည်း နိုင်ငံတစ်ဝန်းမှ စစ်မှုထမ်းဟောင်းများကို စစ်တပ်သို့ ပြန်လည်ခေါ် ယူ၍ ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်မှုခြင်း၊ မြို့ပြ လုံခြုံရေးများတွင် ပူးပေါင်းပါဝင်စေခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း စစ်မှု ထမ်းဟောင်းအဖွဲ့များထံမှ သိရှိရသည်။

Читать полностью…

Khit Thit Media

ထန်းတပင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၁

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အခြေစိုက် ခလရ ၇၃ မှ ထွက်လာသော စစ်တပ် စစ်ကြောင်းနှင့် သပြေ ညွန့် စခန်းမှ စစ်ကြောင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ယောနသံဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်း ထန်းတပင်မြို့နယ် အခြေစိုက် ခလရ ၇၃ တပ်ရင်းမှ သပြေညွန့်စခန်း ကို ရိက္ခာပို့ရန် ထွက်လာသော စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

"ခလရ ၇၃ တပ်ရင်းကနေ သပြေညွန့်စခန်းကို ရိက္ခာပို့ဖို့လာတဲ့ စစ်တပ် စစ်ကြောင်းကို PDF ပူပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာမှာ စစ်‌ကောင်စီ တပ်သား ၆ ဦးသေဆုံးတယ်" ဟု တပ်ရင်း ၃၅၀၁ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဧပြီလ ၂၈ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ KNU တပ် မဟာ ၂ နယ် မြေသပြေညွန့်စခန်းမှ ဒဏ်ရာရစစ်သားများကို ဇရပ်ကြီးမြို့အခြေစိုက် ခလရ ၇၃ တပ် ရင်းသို့ ပို့ဆောင်ရန် ထွက်လာသည့် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ် သား ၅ ဦး ထက်မနည်း ထိခိုက်သေဆုံးသွားကြောင်းသိရသည်။

“တိုက်ပွဲက မနက်ပိုင်းကစတာ ညအထိပဲ၊ အင်အားက ၇၀ လောက်ရှိတယ်၊ ခလရ ၇၃ ကနေလာတဲ့ စစ်ကြောင်းကို သပြေညွန့်ကနေ ထွက်ကြိုတဲ့သဘော၊ လူနာတွေလည်းပါတယ်။ အဲဒီစစ်ကြောင်း ၂ ကြောင်းလုံးကို အဖွဲ့တွေခွဲပြီး တိုက်ခိုက်ခဲ့ကြတာပါ။ သပြေညွန့်စခန်းကနေလာတဲ့စစ်ကြောင်းက ပြည်သူတွေကို ဖမ်းလာပြီး လူသားဒိုင်းကာ လုပ်ပြီးလာတာ။ ထွက်ပြေးလွတ်မြောက်လာတဲ့သူဆိုရင် ဖမ်းလာတဲ့အချိန် ဒရုန်းကျလာလို့ စခတွေထွက် ပြေးတဲ့အချိန်မှာ သူလည်းထွက်ပြေးလာခဲ့တာ လို့ ပြောတယ်” ဟု ယောနသံဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူကရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုများကို တောင်ငူမြို့နယ်ပြည်သူ့ကာကွယ်အရေးအဖွဲ့ (ပကဖ)နှင့် တောင်ငူခရိုင် ၃၅၀၁ တပ်ရင်း ဒရုန်းတပ်ဖွဲ့၊ ၃၅၀၂ တပ်ရင်း တပ်ခွဲ ၃၊ တပ်ရင်း ၃၅၀၁ တပ်ခွဲ ၂ ၊ တပ် ရင်း ၃၅၀၂ ၊ KNU တပ်မဟာ၂ တပ်ရင်း ၆ နှင့် ယောနသံ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

တောင်သာမြို့နယ်၊ တောင်ခမောက်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင် ပျက်စီး

ရန်ကုန်၊ ဧပြီ ၂၇

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်ခမောက်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တောင်သာမြို့နယ်၊ တောင်ခမောက်ကျေးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာ အတွင်းရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး လက်ရှိချိန်ထိ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

တောင်ခမောက်ကျေးရွာသည် နေအိမ် ၁၃၀ ကျော်ရှိသော ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်နေစဉ်တွင် ပြည်သူများက ကျေးရွာအတွင်းသို့ ဝင်ရောက် မီးငြိမ်းသတ်ရန် လုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီ တပ်သားများ လိုက်လံ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများ ပြန်လည် ထွက်ပြေးခဲ့ရကြောင်း သိရသည်။

"ဒီနေ့ နံနက်ပိုင်းမှာ တိုက်ပွဲတာ အဲတာ ရွာကို လေယာဉ်နဲ့ ဗုံးကျဲသွားတာ တစ်ရွာလုံးလည်း မီးလောင်သွားပါတယ်။ မီးသွားငြိမ်းတာလည်း အငြိမ်းမခံဘဲ ပစ်လွှတ်ပါတယ်။ ရွာမှာ အိမ်ခြေကတော့ ၁၃၀ ကျော်ရှိပါတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်ခမောက်တောင်ခြေ၌ ဆက်လက် တပ်စွဲထားသောကြောင့် ကျေးရွာအတွင်းရှိ ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Читать полностью…

Khit Thit Media

နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၂၇

ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ဧပြီလ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

တောင်ကိုရီယားနိုင်ငံ အူဆန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကျင်းပ

ရန်ကုန်၊ ဧပြီ ၂၇

တောင်ကိုရီယားနိုင်ငံ အူဆန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကိုရီးယားမြန်မာပူးပေါင်းဆန္ဒပြပွဲကျင်းပခဲ့ကြသည်။

ဆန္ဒပြပွဲတွင် တော်လှန်ရေးတက်ကြွလှုပ်ရှားသူဒယ်ဂူးဘုန်းဘုန်းက မြန်မာနိုင်ငံအာဏာသိမ်းစစ်တပ်ပြုတ်ကျသည့်အထိ စိတ်ဓာတ်ကြံ့ခိုင်စွာ လှုပ်ရှားမှုမျိုးစုံဖြင့် ဆက်လက်ပါဝင်ဆင်နွှဲရန် ပြည်တွင်းပြည်ပရှိ ပြည်သူလူထုကို အသိပေးတိုက်တွန်းစကားဆိုခဲ့ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ထားဝယ်၊ ဟားလီးကွေ့ တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး သေနတ်ဖြင့် ကိုယ့်ကိုကို အဆုံးစီရင်၊ စစ်သား ၁၅ ဦး လက်နက်ချ အလံဖြူထောင်

ရန်ကုန်၊ ဧပြီ ၂၇

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ဟားလီးကွေ့ အကြမ်းဖက် စစ်တပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး သေနတ်ဖြင့် ကိုယ့်ကိုကို အဆုံးစီရင်သွားကာ စစ်သား ၁၅ ဦး လက်နက်ချ အလံဖြူထောင်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၃၀ ခန့် တပ်စွဲထားသော ဟားလီးကွေ့ စစ်စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် မွန်းလွဲပိုင်းတွင် တိုက်ပွဲ ခဏ ငြိမ်သက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညနေပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်စဉ်တွင် စခန်း တစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်းတွင်လည်း စစ်တပ်ဘက်မှ စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း သေဆုံးခြင်းမရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ချ အလံဖြူထောင်ရန် ပြုလုပ်စဉ်တွင် ဗိုလ်ကြီး ၁ ဦးက သေနတ်ဖြင့် ကိုယ့်ကိုကို ပစ်ခတ်၍ အဆုံးစီရင်ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သား ၁၅ ဦးမှာမူ လက်နက်ချ၍ အလံဖြူထောင်ခဲ့ကြောင်း သိရှိရသည်။

"မနေ့က နံနက်ပိုင်း စောစာပိုင်း ထဲကနေပြီးတော့ ဝင်တိုက်တာပေါ့။ လေယာဉ်တွေ ဆက်တိုက်ကျဲတော့ တိုက်ပွဲက မွန်းလွဲပိုင်းမှာ ရပ်သွားသေးတယ်။ ညနေပိုင်းကျတော့ ထပ်ပြီး ဝင်တိုက်တော့ စခန်းတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့တာ စစ်တပ်ဘက်က ၁၅ ဦး လက်နက်ချတယ်။ ဗိုလ်ကြီးဆိုတဲ့ တစ်ယောက်ကတော့ လက်နက် မချခင်မှာပဲ သူ့ကိုယ့်သူ စီရင်လိုက်တယ်။ သေနတ်နဲ့ သူ့ကိုယ်သူ ပစ်သတ်လိုက်တယ်လို့သိရတယ်" ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း အကြမ်းဖက် စစ်တပ်၏ အမတ ၃၀၂ နှင့် ၃၀၂ တပ်များ က ကျေးရွာများသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ဇဟာကျေးရွာ ဘုန်းကြီးကျောင်းထဲသို့ လက်နက်ကြီးကျည် ကျရောက်ကြောင်း၊ ပြည်သူ ၂ ဦး သေဆုံးကာ သံဃာတော် ၃ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- လက်နက်ချအလင်းဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး။

Читать полностью…

Khit Thit Media

စဉ့်ကူးမြို့ပါ် စာသင်ကျောင်းနှင့် ဘုန်းကြီး ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၇

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပါ် စာသင်ကျောင်းနှင့် ဘုန်းကြီး ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၈ မိနစ်ခန့်တွင် စဉ့်ကူးမြို့ပေါ်ရှိ အထက စာသင်ကျောင်း အရှေ့ဘက်နှင့် မဟာဝေယံဘုံသာ ဘုန်းကြီးကျောင်း မြောက်ဘက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုမရှိသော်လည်း အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။

"ဒီနေ့ နံနက်ပိုင်းမှာ စဥ့်ကူးမြို့ပေါ် အထက စာသင်ကျောင်း အရှေ့ဘက်ကို ၁ ကြိမ် နဲ့ မဟာဝေယံဘုံသာ ဘုန်းကြီးကျောင်း မြောက်ဘက်ကို ၁ ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတယ်။ အဆောက်အဦး ထိခိုက်ပျက်စီးတယ်။ လူအထိခိုက် မရှိဘူး။ အဓိကတော့ ပြည်သူတွေကို အကြောက်တရားပေးပြီး တော်လှန်ရေးကို အားမပေးအောင် သွေးခွဲတဲ့ သဘောပါပဲ ပြည်သူတွေ အနေနဲ့ တော်လှန်ရေးအပေါ်မှာပဲ အာရုံစိုက်ပြီး ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းချင်ပါတယ်" ဟု စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောဆိုသည်။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၄

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၂၄ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၆ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

ရေစကြိုမြို့နယ်၊ ဗာလဘကျေးရွာကို မီးရှို့ပြီး ပြန်လာသော စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု ရှိနိုင်

ရန်ကုန်၊ ဧပြီ ၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗလဘ ကျေးရွာကို မီးရှို့ပြီး ပြန်လာသော စစ်ကား ၄ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာရှိ ပြည်သူပိုင် နေအိမ် များကို မီးရှို့ပြီး ပြန်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၄ စီးသည် ခလရ ၂၅၈ တပ်ရင်း သို့ သွားရာ လမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

“သေဆုံးထိခိုက်မှုကတော့ ရှိနိုင်တယ်။ အတိအကျတော့ မသိရသေးဘူး။ ကားက ၄ စီး လုံး တောက်လျှောက်မောင်းပြေးသွားတဲ့အတွက်ပါ။ ကားက ၄ စီးအလုံးနဲ့ဆိုတော့၊ အင်အားကတော့ ၁၅၀ ၊ ၂၀၀ လောက်တော့ပါနိုင်တယ်။ ဗလဘကျေးရွာကို မီးရှို့ပြီး ခလရ ၂၅၈ တပ်ထဲကို ပြန်ပို့တဲ့ အချိန်မှာ မိုင်းဆွဲခဲ့တာ မိုင်းကတော့ ၃ လုံးဆွဲခဲ့တာ ကားက ခဏရပ်သွားတယ်။ ပြီးတော့ တန်းမောင်းသွားတာ အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်ကို မီးရှို့ပြီး ပြန်လာတဲ့စခတွေကို ခွေး ကင်းပုန်းတွေကြားထဲကနေ မရမက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ နောက်နောင်လည်း ဒီထက်ပိုတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ တိုက်ခိုက်ခဲ့သည့် မိုင်းများတွင် အကြမ်းဖက်စစ်ကောင်စီမှ အသုံးပြုသော ဟောင်ဝှစ်ဇာ ကျည် ၁၂၀ မမ ၊ ၈၀ မမ စသည့် မပေါက်ကွဲသေးသော လက်နက်ကြီးများတွင် အသုံးပြုထားသော ပြင်းအားမြင့် မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် ပကဖ မှ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ညောင်လေးပင် ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီး များဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၄

ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် လယ်ဒိုမြို့နယ် အတွင်းရှိ ကေလာသဘုရားပရဝန်အတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဘုရားစေတီ၊ ဘုရားကျောင်းဆောင်၊ ဓမ္မာရုံ ၁ လုံးနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်းထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဆောထိမြို့နယ် အတွင်းရှိ အင်းပုဝါကျေးရွာတွင် ပိန်းဇလုတ် အခြေစိုက် ခလရ−၂၆၄ တပ်ရင်းက ပစ်ခတ်သော ၁၂၀ မမ လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၅၂ နှစ်အရွယ် ဦးကြည်လွင် ထိခိုက် သေဆုံးကာ ဦးကျော်စိုးမိုး၊ စောလူမင်း၊ နော်ခင်ချိုခိုင်၊ နော်အေးသိမ့်သိမ့်အောင် နှင့် စောအောင်သက်ပိုင် တို့ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ဒဏ်ကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုအပြင် နော်ရွှေပြည်အေး၏ နေအိမ် ထိမှန် ပျက်စီးခဲ့သည့်အပြင် ဦးဇော်ဦး၏ နွား ၃ ကောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

Читать полностью…

Khit Thit Media

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၂၄

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် ဧပြီလ ၂၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြ ထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။

Читать полностью…

Khit Thit Media

လောင်းလုံးတွင် ကျောက်နီမော်ရွာ ပျူစောထီး ကိုနိုင်ကို တော်လှန်ရေး တပ်ဖွဲ့များက အရှင် ဖမ်းဆီး

ရန်ကုန်၊ မေ ၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ကျောက်နီမော်ရွာ ပျူစောထီး ကိုနိုင်ကို တော်လှန်ရေး တပ်ဖွဲ့များက အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း Special Guerrilla Force - အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလပိုင်းက လောင်းလုံးမြို့နယ် အတွင်းရှိ ကျောက်နီမော်ရွာမှ ပျူစောထီး အဖွဲ့ဝင် ကိုနိုင်နိုင်စိုး (ခ) ကိုနိုင် ကားကို တော်လှန်‌ရေးတပ်ဖွဲ့များက လမ်းပိုင်း တစ်နေရာတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းဖမ်းဆီးရမိသော ကိုနိုင်ထံမှ စကစရုံး နှင့် ပက်သက်သော စာရွက်စာတမ်းများ အချက်အလက်များ သိမ်းဆည်းရရှိပြီး အပြစ်မဲ့ပြည်သူများကို လက်နက်အားကိုးဖြင့် ညည်းပန်းနှိပ်စက်ခြင်း၊ ကျောက်နီမော်ရှိ စကစ များ၏ပစ္စည်း သယ်ယူပေးခြင်း၊ ကိုနိုင်နိုင်စိုးသည် ကျောက်နီမော်ရွာတွင် နေထိုင်ခဲ့စဉ်က စစ်ကောင်စီ တပ်သားများကို ခေါ်ယူနေထိုင်ခြင်း၊ရွာထဲတွင်လည်း လက်နက်ကိုင်ဆောင်သွားလာခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသော ကိုနိုင်ကို Special Guerrilla Force - အထူးပြောက်ကျားတပ်ဖွဲ့နှင့် ပင်လယ်ကြယ် အဖွဲ့တို့က ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မန္တလေးတွင် အငြိမ်းစားပါမောက္ခ ဒေါက်တာထွေးထွေးကို မြေကွက်ပြမည်ဟုဆိုကာ ခေါ်ထုတ် သတ်ဖြတ် ပစ္စည်းများ လုယက်သွားသည့် အိမ်ခြံမြေပွဲစား စိုင်းထွန်းနော(ခ)ကိုစိုင်းကို ဖမ်းမိ

ရန်ကုန်၊ မေ ၁

မန္တလေးတွင် အငြိမ်းစားပါမောက္ခ ဒေါက်တာထွေးထွေးကို မြေကွက်ပြမည်ဟုဆိုကာ သတ်ဖြတ်ပြီး ပစ္စည်းများ လုယက်သွားသည့် အိမ်ခြံမြေပွဲစား စိုင်းထွန်းနော(ခ)ကိုစိုင်းကို ဖမ်းဆီးရရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်း အငြိမ်းစား သတ္တဗေဒဌာန၊ ပါမောက္ခ ဒေါက်တာထွေးထွေးကို ၎င်းနေထိုင်ရာ မဟာအောင်မြေမြို့နယ်မှ အသိ အိမ်ခြံမြေပွဲစားက အိမ်ခြံမြေလိုက်ပြမည်ဟုဆိုကာ ပုသိမ်ကြီးမြို့နယ်သို့ ခေါ်ဆောင် သွားကာ ရိုက်နှက် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ ၎င်းထံမှ လက်ဝတ်လက်စားများနှင့် ပိုင်ဆိုင်မှုများကိုပါ လုယက်သွားကြောင်း သိရှိရသည်။

အငြိမ်းစားပါမောက္ခကိုသ တ်ဖြတ်သွားသူကို ယနေ့ မေလ ၁ ရက်နေ့ နံနက် ၁၀နာရီခန့်အချိန် ဟဲဟိုးမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ အိမ်ခြံမြေ လိုက်လံပြသရင်းဖြင့် အငြိမ်းစားပါမောက္ခ ဒေါက်တာထွေးထွေးကို ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာမြောင်းဘောင်ဘေး လယ်ကွင်းအတွင်း ဆောက်လုပ်ထားသည့် လူနေထိုင်ခြင်းမရှိသည့် တစ်ထပ်တိုက်အတွင်း သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သတ်ဖြတ်သူ အိမ်ခြံမြေပွဲစား စိုင်းထွန်းနော(ခ)ကိုစိုင်းနှင့် သတ်ဖြတ်ခံရသူ အငြိမ်းစား ပါမောက္ခ ဒေါက်တာထွေးထွေးတို့မှာ မိတ်ဆွေများဖြစ်ကြပြီး အိမ်ခြံမြေရောင်းဝယ်မှုများကို အတူတူ လုပ်ကိုင်ဖူးသူများဖြစ်ကြောင်း သိရှိရသည်။

ဒေါက်တာထွေးထွေးကို သတ်ပြီးပစ္စည်းများယူခဲ့သည့် စိုင်းထွန်းနော(ခ)ကိုစိုင်းကို လူသတ်မှုဖြင့် ပုသိမ်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားသည်ဟု သိရှိရသည်။

Читать полностью…

Khit Thit Media

ပျော်ဘွယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ဆိုင်ကယ် ၆ စီးကို တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၁

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ဆိုင်ကယ် ၆ စီးကို တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစု အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀နာရီခန့်တွင် ပျော်ဘွယ်မြို့နယ် ပေပင်ရှည်အုပ်စု ပေပင်ရှည်ကျေးရွာအနောက်ဘက်တွင် ညောင်ကုန်းဘက်မှ ဆိုင်ကယ် ၆ စီးဖြင့် တက်လာသော အ ကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။

"စစ်ခွေးတွေ ဘက်က ပြန်လည် ပစ်ခတ်တာတွေရှိတယ်။ ပစ်ပြီးသေတဲ့ရခတွေ တရွတ်တိုက်ဆဲဲပြီးပြန်ဆုတ်သွားတယ်။ ဆွဲ ပြီးပြန်ဆုတ်သွားတာ။သူတို့ကောင်တွေကျလို့ပြန်ဆုတ်သွားတယ်ထင်တယ်"ဟု တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစု အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ​ပြောဆိုသည်။

ယင်း တိုက်ခိုက်မူတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဲ ၂ ဦး သေဆုံးပြီး၊ သေဆုံးသွားသည့် စစ်သားအလောင်းများကို တစ်ရွက်တိုက်ဆွဲသွားပြီး၊ တော်လှန်ရေး ရဲဘော်များအနေဖြင့် အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ တိုက်ခိုက်မူကို ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေး၊ သာစည် ပကဖ၊ပျော်ဘွယ်လူငယ် အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

Читать полностью…

Khit Thit Media

နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေးချီတက် ဆန္ဒပြ

ရန်ကုန်၊ မေ ၁

ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ​ မေလ ၁ ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ မေ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- မြန်မာနိုင်ငံမှာ ပြည်ပထွက် အလုပ်လုပ်ကိုင်မှုတွေများနေတာကြောင့် အလုပ်သမားရှားပါးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ဘ၀လုံခြုံမှုရှိတဲ့ ပြည်တွင်းမှာသာ အလုပ်လုပ်ကိုင်ရမယ့် ကိစ္စတွေကို ဆောင်ရွက် ရမယ်ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုလာပြန်ပါတယ်။

- မန္တလေးတိုင်း အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ် ရပ်ကွက်မှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၇ ဦးအတွက် စေတနာရှင်တွေက လှူဒါန်းထားတဲ့ ထောက်ပံ့ကြေး ကျပ်သိန်း ၇၀ ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ညွန့်ဝေ က ကျန်ရစ်သူမိသားစုတွေဆီ မပေးဘဲ ဖြတ်ယူသုံးစွဲလိုက်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။

- မကွေးတိုင်း ငဖဲမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ နတ်ရေကန် စစ်တပ်စခန်း မကျရေးအတွက် စစ်ကူလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၉ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီးသေသွားတဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/watch?v=H1Jicm-ZnzU

Читать полностью…

Khit Thit Media

ဘုတလင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် "ရေပေါ်ဆီဝါဒ ဆန့်ကျင်ကြ ဖိရင်ကြွ ထိရင်ချ အလုပ်သမားထုသွေးစည်းညီညွတ်ကြ " စာသားကိုင်စွဲ၍ ဆန္ဒပြ

ရန်ကုန်၊ မေ ၁

ဘုတလင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဘုတလင်မြို့နယ်ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းက ပြည်သူများနှင့်အတူ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ် "ရေပေါ်ဆီဝါဒ ဆန့်ကျင်ကြ ဖိရင်ကြွ ထိရင်ချ အလုပ်သမားထုသွေးစည်းညီညွတ်ကြ " စာသားကိုင်ဆွဲပြီး စုပေါင်း ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ဆင်ပေါင်ဝဲမြို့နယ် ဓနုံးမြှောင်ဂိတ်မှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု ဗိုလ်ကြီး ဖြိုးမောင် အပါအဝင် စစ်သား ၈ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၇

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ဓနုံးမြှောင်ဂိတ်မှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ ဗိုလ်ကြီး ဖြိုးမောင် အပါအဝင် စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဆင်ပေါင်ဝဲမြို့နယ် ဓနုံးမြှောင်ဂိတ်မှ ဗိုလ်ကြီး ဖြိုးမောင် ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဝါးစေ့မြှောင်ဂိတ်သို့ ကားဖြင့် တက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ယင်းဂိတ်အနီး ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ဗိုလ်ကြီး ဖြိုးမောင် အပါဝင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဝါးစေ့မြှောင်ဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

"ဓနုံးမြှောင်ဂိတ်ကနေ ဗိုလ်ကြီး ဖြိုးမောင် ဦးဆောင်တဲ့ စစ်ခွေးတွေက ဝါးစေ့မြှောင်ဂိတ်ကို ကားနဲ့တက်လာတဲ့ အချိန်ကို ဝါးစေ့မြှောင်ဂိတ်နားမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာ တိုက်ပွဲအတွင်းမှာ ဗိုလ်ကြီး ဖြိုးမောင် အပါအဝင် စစ်ခွေး ၈ ကောင် သေဆုံးတယ်။ စစ်ခွေး အများအပြားလည်း ဒဏ်ရာရရှိခဲ့တယ်။ ဝါးစေ့မြှောင်ဂိတ်က စစ်ခွေးတွေကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်တယ်။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့တယ်" ဟု သရက်ခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် အမှတ်၅ တပ်ရင်း ၊ ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်တွင်းကြီး) ၊ Viper King Column ၊ သရက်ခရိုင် အမှတ် ၁ တပ်ရင်း ၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ဗိဿနိုး ပြည်သူ့ကာကွယ်ရေး အဖွဲ့(တောင်တွင်းကြီး) တို့က ပူးပေါင်း လုပ်ဆာင်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ဒီပဲယင်းမြို့နယ်ရှိ နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူများကို အာဟာရဒါနလှူဒါန်း

ရန်ကုန်၊ ဧပြီ ၂၇

ဒီပဲယင်းမြို့နယ်ရှိ နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူ ၁၃၀ ကို ဒီပဲယင်းမြို့နယ်ညီနောင်များက အလှူရှင် နယ်စည်းမခြားထောက်ပို့အဖွဲ့(မလေးရှား) အဖွဲ့ကိုယ်စား ခေါက်ဆွဲကြော်များဖြင့် အာဟာရဒါနပြုခဲ့ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၆ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၆ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း People's Servant Revolution - Wetlet မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ဝက်လက်မြို့ စောင့်တပ်ကမှ ပြည်သူ့စစ် ၁ ဦးသည် AK သေနတ် ၁ လက် နှင့် ကာဘိုင် သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် တပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ အကူစစ်ကြောင်းသည် ရှိမ်းမကား ရဲစခန်းကို ရောက်လာပြီးနောက် စစ်ကောင်စီ တပ်သား ၂ ဦးသည် MA-1 သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဝက်လက်မြို့တွင်းသို့ ရောက်ရှိနေသည့် ဒတရ ၆၁၀ မှ စစ်ကောင်စီ တပ်သား ၁ ဦး သည် MA-1 သေနတ် ၁ လက် ယူဆောင်လာပြီး ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် နလခ မှ ဝက်လက်မြို့တွင်း တာဝန်ကျနေသော စစ်ကောင်စီ တပ်သား ၂ ဦးသည် MA-11 နှင့် MA-2 သေနတ်များ ယူဆောင်လာပြီး ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

"စုစုပေါင်း အလင်းဝင်လာတာက ၆ ဦးပေါ့။ သူတို့ဘက်က ချိတ်ဆက်တဲ့အခါ ကျနော်တို့ အနေနဲ့ သွားရောက် ခေါ်ထုတ်ပေးရတာမျိုးလည်းရှိတယ်။ ဆုကြေးငွေ‌ချီးမြှင့်တာကတော့ ကျနော်တို့ စစ်ဒေသ ညွှန်ကြားချက်နဲ့ အညီ လုပ်ဆောင်ပေးရတာမျိုးရှိတယ်" ဟု People's Servant Revolution - Wetlet မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Читать полностью…

Khit Thit Media

အင်းစိန်ထောင်တွင် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ကျန်းမာရေးဆိုးရွားနေပြီး စိုးရိမ်ရ

ရန်ကုန်၊ ဧပြီ ၂၇

အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်မှာ ကျန်းမာရေးဆိုးရွားနေပြီး စိုးရိမ်ရကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပြောဆိုသည်။

စစ်ကောင်စီ၏ မတရားဖမ်းဆီးမှု ခံနေရသည့် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်၏ ကျန်းမာရေးအခြေအနေမှာ ဆိုးရွားနေပြီး အင်းစိန်ဆေးရုံတွင် ထပ်မံ၍ အရေးပေါ် ပို့ဆောင်ကုသနေရကြောင်း၊ သို့ရာတွင် လုံလောက်သည့် ဆေးဝါးစောင့်ရှောက်ခွင့်မရရှိမည်ကို စိုးရိမ်ရကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက သတင်းထုတ် ပြန်သည်။

ဧပြီလ ၂၅ ရက်နေ့ညပိုင်းတွင် မဝတ်ရည်အောင်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရ၍ အင်းစိန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း၊ မဝတ်ရည်အောင်သည် စစ်ကြောရေးတွင် မတရားညှင်းပမ်းနှိပ်စက်ခံရ၍ ဦးခေါင်းအတွင်း ဒဏ်ရာရရှိကာ မကြာခဏ သတိလစ်ခြင်း၊ တက်ခြင်း၊ နှလုံးရပ်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အရေးပေါ်အခြေအနေမှသာ အင်းစိန်ထောင်မှ ဆေးရုံပို့ဆောင်ပေးကြောင်း၊ ယင်းနောက် အကျဉ်းထောင်အတွင်းသို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

မဝတ်ရည်အောင်သည် ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင်ဖြစ်ပြီး ၂၀၂၁ ခုနှစ် စက် တင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခံရသည်။ ယင်းနောက် စစ်ကောင်စီက သူမကို ပုဒ်မ ၅၀၅ (က) ဖြင့် အင်းစိန်ထောင်တွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီး ထပ်မံ၍ ပုဒ်မ ၅၂ (က) ဖြင့်လည်း ထောင်ဒဏ် ၄ နှစ်ချထပ်မံချမှတ်ခဲ့သည်။

Читать полностью…

Khit Thit Media

မုံရွာမြို့နယ်၊ ခိုးသန်းရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးဟုဆို

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခိုးသန်းရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်း မုံရွာမြို့နယ်၊ ခိုးသန်းရွာရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူရန်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၂၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ကျေးရွာအဝင် တစ်နေရာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၇ ဦး အပြင်းအထန် ထိခိုက် ဒဏ် ရာရရှိ ခဲ့ကြောင်းသိရှိရသည်။

"ရွာက လူမနေရဲကြတာရော ရွာစဝင်တဲ့ အချိန်မှာ ကြားဖြတ်တိုက်ခံလိုက်ရတော့ စစ်ခွေးတွေ တော်တော်တော့ အထိနာသွားတယ်။ စစ်တပ်က စစ်ကြောင်းထိုးတဲ့အချိန်မှာ ပြည်သူတွေ ထိခိုက်ဖမ်းဆီးခံရတာမျိုးမရှိပါဘူး" ဟု မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ ဦးဆောင်မှုဖြင့် တိုက်နယ်(၅)ပကဖ၊ Tribal Force ၊Black Flacon ၊ God Of Monywa ၊Golden Eagle ၊ Sun King Envoy ၊God of Snake ၊ ယက္ခ ၊ မုံရွာခရိုင်တပ်ရင်း ၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

Читать полностью…

Khit Thit Media

ရေစကြိုနှင့် ကလေး၀ မြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့တွင် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်တွင် ဆင်မရဲကျေးရွာ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ဆင်မရဲကျေးရွာမှ အသက် ၆၈ နှစ်အရွယ် ဒေါ်ဆန်းမြင့်ကြည်နှင့် ဆင်မရဲ ကျေးရွာ အနောက်တောင်ဘက်တွင် နေထိုင်သော လေးယာပြည့်ကျေးရွာမှ အသက် ၄၃ နှစ်အရွယ် ကိုညိုလင်းအောင်တို့ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

" ရေစကြို၊ ဆင်မရဲကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ ထိမှန်သေဆုံးသူက အသက် ၆၈ နှစ်အရွယ် ဒေါ် ဆန်းမြင့်ကြည်နဲ့ ဆင်မရဲ့ကျေးရွာ အနောက်တောင်ဘက်မှာရှိတဲ လေးယာပြည့် ကျေးရွာက ပြည်သူတစ်ဦး ထိတ်လန့်ပြီး သွေးတိုး နဲ့ သေဆုံးတယ်။ သွေးတိုးပြီး သေဆုံးသူက အသက် ၄၃ နှစ်အရွယ် ကိုညိုလင်းအောင်ပါ" ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ မစိန်ကျေးရွာနှင့် မင်းကင်းမြို့နယ်၊ ကမ်းပြည့် (ကဗျက်) ကျေးရွာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယနေ့ ဧပြီလ ၂၄ ရက်နေ့တွင် ကလေးဝမြို့နယ်၊ မစိန်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရွှေမျောလုပ်ငန်း လုပ်ကိုင်နေသူ အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သော မစိန် ကျေးရွာသည် စစ်ကောင်စီ တပ်သားများ စိုးမိုးထိန်းချုပ်ထားသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

အလားတူ မင်းကင်းမြို့နယ်၊ ကမ်းပြည့် (ကဗျက်) ကျေးရွာကိုလည်း Y12 လေယာဉ်ဖြင့် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်၊ ပျက်စီးမှု အခြေအနေအသေး စိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၂၄

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ဧပြီလ ၂၄ ရက်နေ့တွင် အာဏာသိမ်းမှုကို ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၁ နေရာကို ထမင်းတစ်နပ်လှူဒါန်း

ရန်ကုန်၊ ဧပြီ ၂၄

ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၁ နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်ကို သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီးရှိ နှစ်ရှည်စစ်ရှောင်ပြည်သူများအတွက် ထမင်းတစ်နပ်လှူဒါန်း

ရန်ကုန်၊ ဧပြီ ၂၄

ဆားလင်းကြီးမြို့နယ်ရှိ နှစ်ရှည်စစ်ရှောင်စခန်းတစ်နေရာကို ချင်းတွင်းမြစ်ကမ်းဘေးသပိတ်က အာဟာရဒါ ထမင်းတစ်နပ်ကူညီထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

Читать полностью…
Подписаться на канал