ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
ချင်းပြည်တောင်ပိုင်းတစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီး ချင်းပြည်နယ်တစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်း လွတ်မြောက်၊ မင်းတပ် ခလရ ၂၇၄ မှ ဗိုလ်မှူးကြီးကို ချင်းညီနောင်တပ်က အရှင်လက်ရ ဖမ်းဆီးထား
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
အကြမ်းဖက်စစ်ကောင်စီတပ်များ အခြေစိုက်ထားသော မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့ကို ချင်းညီနောင်တပ်ဖွဲ့များက သိမ်းပိုက်ရရှိပြီးနောက် ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့မှ တာဝန်ရှိသူများက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်ကြသည်။
နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်လိုက်ခြင်းဖြစ် ကြောင်း ၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များ ဆုတ်ခွာသွားဖြင့် ချင်းညီနောင်တပ်များက ကန်ပက်လက်မြို့ကိုလည်း သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။
"ချင်းပြည်တောင်ပိုင်းကတော့ စစ်ကောင်စီကင်းစင်သွားပါပြီ။ ချင်းတစ်ပြည်လုံးအနေနဲ့တော့ ၈၅ ရာခိုင်နှုန်းနီးပါး လွတ်မြောက်နေပြီလို့ပြောလို့ရမယ်။ တီးတိန်၊ ထန်တလန်၊ ဟားခါးကတော့ ကျန်နေသေးတယ်" ဟု ချင်းညီနောင်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ချင်းညီနောင်တပ်ဖွဲ့အနေဖြင့် ကျင်းဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် အပါအဝင် ချင်းပြည်တောင်ပိုင်းရှိ မြို့များအားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်ကြောင်း၊ မဟာမိတ်တပ်များအနေဖြင့် သိမ်းပိုက်ရာတွင် AA ထံမှ အကူအညီများစွာရရှိထားကြောင်း တာဝန်ရှိသူများက ဆိုသည်။
လက်ရှိတွင် ချင်းပြည်နယ်မြောက်ပိုင်းရှိ ဖလမ်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း၊ ဖလမ်းမြို့တွင် စစ်ကောင်စီ၏ ခလရ ၂၆၈ တပ်ကုန်းတစ်ခုသာ ကျန်တော့ကြောင်း၊ ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေးသာမက မြန်မာနိုင်ငံတစ်ဝန်းလုံး စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း ချင်းညီနောင် အဖွဲ့ဝင် CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချန်းဖေက ဆိုသည်။
စစ်သုံ့ပန်းများ ဖမ်းဆီးရရှိရာတွင် အဆင့်မြင့်ဆုံးအနေဖြင့် ခလရ ၂၇၄ မှ ဗိုလ်မှူးကြီး ၁ ဦးကိုလည်း ဖမ်းဆီးရရှိထားပြီး ၎င်းတို့ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို စစ်ဆေးမည်ဖြစ်ကြောင်း၊ လက်နက်ချသူများလည်းရှိရာ မင်းတပ်မြို့ နှင့်ဖလမ်းမြို့မှ စစ်သုံ့ပန်းများကို နိုင်ငံတကာဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ခလရ ၂၇၄ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ထားစဉ်။
Photo- Yaw Mang။
မြင်းမူနှင့် ဝမ်းတွင်းတို့တွင် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် မိုင်းရှင်းနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း People's knight Defense Force Myinmu (PKDF-MMU) အဖွဲ့ တာဝန်ရှိသူ ရဲဘော်အေးချမ်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာ အနောက်ဘက်ရှိ ရေဦးဆီဆိုင်တွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦးသည် မြင်းမူမြိုနှင့် ဝမ်းပြည့်ကျေးရွာ အကြားတွင် မိုင်းရှင်းရန် လာရောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲကာ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ကျော်ကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာကို မြင်းမူမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာ၍ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် အနီးအနားရှိ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တပ်ရေး ဗိုလ်ကြီး ကွပ်ကဲ၍ People's knight Defense Force Myinmu (PKDF-MMU) နှင့်အတူ စစ်ကိုင်းခရိုင် အမှတ် (၇) တပ်ရင်း တပ်ခွဲ ၂ ၊ စစ်ကိုင်းခရိုင် အမှတ် (၇)တပ်ရင်း တပ်ခွဲ ၃ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ဒိုင်းကောင်းကုန်းကျေးရွာ စာသင်ကျောင်းအတွင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Wundwin Township Revolution Force – WTRF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၅ နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော ဝမ်းတွင်းမြို့ နယ်၊ ဒိုင်းကောင်းကုန်းကျေးရွာ စာသင်ကျောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ၄၀ မမ လက် နက်ကြီး ၂ လုံးအသုံးပြုပြီး အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
“သင်္ချိုင်းကုန်းကို စစ်သားအပြည့်ပိတ်ဆို့ပြီး သင်္ဂြိုလ်နေတာ၊ ဘယ်သူမှအဝင်မခံဘူး။ အဝေးကနေ ကြည့်ရတာမို့ ၂ ဦးထက်တော့ ပိုနိုင်တယ်။ မနေ့ညက တမာကန်မှာဖြစ်တဲ့ကိစ္စနဲ့အခုအပစ်ခတ်ခံရတဲ့ ကိစ္စတွေကြောင့် စခတွေ ခြေရှုတ်နေတယ်၊ မိဘပြည်သူတွေအနေနဲ့ စခတွေ သတင်းကို ပေးပို့ကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု Wundwin Township Revolution Force – WTRF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့သို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးသွားသော အကြမ်းဖက်စစ်သားများကို ဒိုင်းကောင်းရွာသင်္ချိုင်း ကုန်းကို စစ်သားအပြည့်ဖြင့် ပိတ်ဆို့ကာ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ခရီးသွားပြည်သူများကို စစ်ဆေးရှာဖွေမှုများ ပြုလုပ်လျက်ရှိပြီး ပြည်သူများ အနေဖြင့် စစ်သား၊ ရဲ ဆိုင်ကယ်၊ ကားတန်းများ တွေ့ရှိပါက တော်လှန်ရေးတပ်ဖွဲ့များထံ သတင်းပေးပို့ခြင်းဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ- အညာဒေသတွင် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
ဝမ်းတွင်းတွင် တပ်သားသစ်စုဆောင်းပြီးစစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် ရဲဗလ တံဆိပ်ရ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့်မိသားစု ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ လိုက်လံကောက်ခံနေသည့် အကြမ်းဖက် စစ်တပ်က ပေးအပ်ထားသော ရဲဗလ တံဆိပ်ရရှိသူ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့် မိသားစုဝင် ၂ ဦး ကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးလုံး သေဆုံးခဲ့ကြောင်း Wundwin Township Revolution Force (WTRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၉ နာရီခန့်တွင် ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ပျူစောထီး ခေါင်းဆောင်၊ ရဲဗလ တံဆိပ်ရရှိထားသူ မောင်လွင်နှင့် မိသားစုဝင် ၂ ဦးကို WTRF အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော မောင်လွင်ကို ၂၀၂၁ ခုနှစ်က တော်လှန်ရေး ရဲဘော်များ ပထမ တစ်ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက်မသေဘဲ လမ်းမလျောက်နိုင်သည့် ဒုက္ခိတ ဖြစ်နေခဲ့သော်လည်း ၎င်း၏ သားဖြစ်သူနှင့် မိန်းမဖြစ်သူက ၎င်းအရှိန်ဖြင့် တမာကန်ရွာ ၊ကျောက်အိုးရွာ၊ မင်းကုန်ရွာနှင့် တောင်ဆည်ရွာမှ တစ်အိမ်လျှင် စစ်မှုထမ်းကြေး ငွေကျပ် ၁၀၀၀၀ ကောက်ခံခြင်း၊ လူငယ်များရှိသည့် နေအိမ်များကို တစ်အိမ်လျှင် ငွေကျပ် ၃ သိန်းမှ ၁၀ သိန်းထိ ကောက်ခံခြင်း၊ ပြည်သူများကိုလည်း ခြိမ်းခြောက် အကျပ်ကိုင်ခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ပျူစောထီး မောင်လွင်၏ လမ်းစဉ် အတိုင်း ၎င်း၏ သားဖြစ်သူနှင့် မိန်းမဖြစ်သူက လိုက်ပါလုပ်ဆောင်နေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ၎င်းတို့ ၂ ဦးပါ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ပျူစောထီး ခေါင်းဆောင် မောင်လွင်နဲ့ သူ့မိသားစုက ကျေးရွာတွေအပေါ် အလွန်အကျူး ဖိနှိပ် အနိုင်ကျင့် နေလို့ တော်လှန်ရေးတပ်ဖွဲ့က ပထမ တစ်ကြိမ် ပစ်ခတ်ခဲ့သည့်တိုင် ပြုပြင် ပြောင်းလဲခြင်းမရှိဘဲ လက်အောက်ခံ ပျူစောထီးတွေကို ကိုယ်ရံတော် အစောင့် အဖြစ်မွေးပြီး တမာကန်အုပ်စုအတွင်းမှာရှိတဲ့ ရွာတွေ အားလုံး အပေါ် ဆက်၍ ပိုတိုးပြီး အနိုင်ကျင့်ဖိနှိပ်နေလို့ မောင်လွင်နဲ့ သူ့မိသားစုဝင်တွေကို ပစ်ခတ် တိုက်ခိုက်ခဲ့တာ" ဟု Wundwin Township Revolution Force (WTRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
စစ်ကိုင်းမြို့ပေါ် လက်ဖက်ရည်ဆိုင်အတွင်းသို့ စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသည့် လူငယ်များကို စစ်တပ်က ပစ်ခတ်မှု အသက် ၃၂ နှစ်အရွယ် ကိုမျိုးမင်းသူ ပွဲချင်းပြီး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ၊ ဇေယျာကွက်သစ်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသည့် လူငယ်များကို လိုက်လံ ပစ်ခတ်ရာ အသက် ၃၂ နှစ်အရွယ် ကိုမျိုးမင်းသူ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက် ပြေးသည့် လူငယ်များကို လိုက်လံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော သေနတ်ကျည် ၂ ချက် ထိမှန်ပြီး စစ်ကိုင်းမြို့ ဇေယျာကွက်သစ် ရပ်ကွက်တွင် နေထိုင်သော အသက် ၃၂ နှစ်အရွယ် ကိုမျိုးမင်းသူ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
"စစ်ကိုင်းမြို့ လက်ဖက်ရည်ဆိုင်မှာ စစ်ခွေးတွေ လူငယ်တွေကို ၂၀ ရက်နေ့က ပေါ်တာ ဝင်ဆွဲတာ ပြေးလို့ဆိုပြီး ပစ်သတ်လိုက်တာ အသက် ၃၂ နှစ်အရွယ် ကိုမျိုးမင်းသူ သေနတ်ကျည် ၂ ချက်ထိပြီး ပွဲချင်းပြီးသေဆုံးသွားတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
သေဆုံးသွားသော ကိုမျိုးမင်းသူ၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရွှေသမားသုန်သာန်တွင် မီးသဂြိုလ်ခဲ့ကြောင်း သိရှိရသည်။
မင်းတပ်ကို သိမ်းပိုက်ပြီးနောက် ခလရ ၂၇၄ ဗဟိုကင်းတွင် ချိတ်ဆွဲထားသော မင်းအောင်လှိုင်၏ ဓာတ်ပုံကို ဖြုတ်ချပြီး ခြေဖြင့်နင်းချေ (ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို သိမ်းပိုက်ပြီးနောက် ခလရ ၂၇၄ ဗဟိုကင်းတွင် ချိတ်ဆွဲထားသော မင်းအောင်လှိုင်၏ ဓာတ်ပုံကို ဖြုတ်ချပြီး ခြေဖြင့်နင်းချေလိုက်ကြောင်း CDF-Mindat (သ.ပ.မ ဌာန)က သတင်းထုတ်ပြန်သည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ ( မင်းတပ်) စစ်ဦးစီးချုပ်က မင်းတပ်မြို့ ခလရ ၂၇၄ ဗဟိုကင်းတွင် တပ်ထားသည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင်၏ ဓာတ်ပုံအားဖြုတ်ချလိုက်ကြောင်း CDF-Mindat (သ.ပ.မ ဌာန)က ဗီဒီယိုနှင့်တကွ သတင်းထုတ်ပြန်သည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဟု ချင်းညီနောင်အဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တရားဝင်ထုတ်ပြန်လိုက်သည်။
နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။
မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီမှ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီး အကျဉ်းကျထားသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း အောင်မြင်စွာကယ် ထုတ် ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် Yaw Defense Force (YDF) Yaw Army (YA) ၊ မုံရွာခရိုင်တပ် ရင်း ၃ တို့မှ ဟန်ချက်ညီညီဆင်နွှဲခဲ့ကြခြင်း ဖြစ်ပြီး အာရက္ခတပ်တော် (AA) မှ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာ အကြံ ဉာဏ်များ နှင့် လိုအပ်သောအကူအညီများကို ပံ့ပိုး ကူညီခဲ့ကြောင်း သိရသည်။
ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်ခဲ့သည့် မင်းတပ်မြို့သိမ်း စစ်ဆင် ရေးအတွင်း အသက်ပေးသွားကြသည့် အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြ သည့် ရဲဘော်များနှင့် အောင်ပွဲရသည်အထိ စွမ်းစွမ်းတမံ ချီတက်တိုက်ပွဲဝင် ခဲ့ကြသော တပ်မှူးများ၊ တပ်သားများ၏ အမိန့်နာခံမှု၊ တိုက်ရည်ခိုက်ရည်၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လရှိမှုတို့ကို လှိုက်လှဲစွာ လေးစား ဂုဏ်ပြုကြောင်းနှင့် ချင်းညီနောင်အနေဖြင့် ချင်းပြည်ရှိ မြို့နယ်များတွင် ကျန်ရှိနေသေးသည့် အကြမ်း ဖက် စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက် လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့အတူ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းမှာလည်း စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်းဖြစ်ပြီး စစ်ပွဲကာလအတွင်း ရခိုင်တိုင်းရင်းသား အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း ၊ လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်ခြင်းများတွင် အဓိက ပါဝင်ရသူဖြစ်ကြောင်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းမှာလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ်ဖြစ်၍ ပြည်သူကို ပစ်မှတ်ထားသော သတ်ဖြတ်မှုများ၊ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများတွင် တိုက်ရိုက်ပါဝင်ပတ်သက်လျက်ရှိကြောင်း တပ်သတင်းရင်းမြစ်တချို့က ရှင်းပြသည်။
Читать полностью…မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၆ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၂၂ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၄၆ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များအရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိ သည်ကို သိစေအပ်ပါသည်။
ငဖဲမြို့နယ်တွင် အမ်းမြို့နယ်ဘက်သို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အမ်းမြို့နယ်ဘက်သို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံးကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF)မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း ၈ နာရီ ၄၈မိနစ်အချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီကျေးရွာအနီး ဝက်စကျင်းလမ်းဆုံတွင် အမ်းမြို့သို့ စစ်ကူသွားရန် ရှေ့ပြေးကင်းထောက်လာသော စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရှေ့ပြေးကင်းထောက်အင်အားမှာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးပါဝင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန်တွင်စစ်ကောင်စီ၏ ရန်အောင်မြေဘုရားကုန်း တပ်စခန်းမှ လက်နက်ကြီး ၆၀ မမ ပစ်ကူပေးပြီး စပ်စီဘုန်းကြီးကျောင်းတွင် တပ်စွဲနေသော စစ်တပ်နှင့် က.ပ.စ ၁၀ မှလည်း စစ်ကူစစ်ကား ၄ စီး ထွက်လာကြောင်း၊ နှစ်ဖက်ညှပ်၍ စစ်ကူလာသဖြင့် နယ်မြေရှင်းလင်းရေး လက်နက်နှင့် အလောင်းများ သိမ်းဆည်းမှုများ မလုပ်နိုင်တော့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၄ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိကြော်း၊ အရှိုချင်းကာကွယ် ရေးတပ်(ACDF)မှ ရဲဘော် ၁ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က သိမ်းပိုက်နိုင်မှု စစ်အာဏာရှင်၏ နေဝင်ချိန် ရောက်ရှိတော့မည်ကို ပြသဟု NUG ယာယီသမ္မတ ပြော၊ စစ်အုပ်စု ပြုတ်ကျရေး အတူ လက်တွဲတိုက်ပွဲဝင်မည်ဟု သန္နိဋ္ဌာန်ပြု
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
အကြမ်းဖက်စစ်ကောင်စီတပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က အပြီးသတ်သိမ်းပိုက်နိုင်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတဒူဝါလရှီးလက ဂုဏ်ယူဝမ်းမြောက်ပြီး စစ်အာဏာရှင်၏ အဆုံးသတ် နေဝင်ချိန် ရောက်ရှိတော့မည်ကို ပြသနေကာ စစ်အုပ်စု အဆုံးသတ် ပြုတ်ကျရေး အတူတကွ လက်တွဲတိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း AA ထံသို့ သဝဏ်လွှာပေးပို့ သန္နိဋ္ဌာန်ပြုလိုက်သည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့ AAအာရက္ခတပ်တော် ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့်အတူ ရဲဘော်ရဲဘက်များ၏ ရဲစွမ်းသတ္တိ အပြည့်ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်မှုများကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ယခု အောင်ပွဲသည် အရက္ခပြည်သူများ၏ အောင်ပွဲဖြစ်သည်သာကမ စစ်အာဏာရှင် စစ်ကောင်စီဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တော်လှန်တိုက်ပွဲဝင် နေကြသည့် မြန်မာပြည်သူတရပ်လုံးနှင့် နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုများအားလုံး၏ အောင်ပွဲဖြစ်ပြီး တော်လှန်ရေးစိတ်ဓါတ်ခွန်အားကို အမြင့်မားဆုံးရောက်ရှိစေသည့် အောင်ပွဲဖြစ်ကြောင်း NUG ယာယီသမ္မတက ပြောဆိုသည်။
ယခုကဲ့သို့ ကြီးမားသည့် အောင်ပွဲရရှိဖို့ရာအတွက် အာရက္ခတပ်တော်ခေါင်းဆောင်များ၏ ဦးဆောင်မှု၊ ရဲဘော်ရဲဘက်များ၏ အသက်နှင့် ကိုယ်လက်ခန္ဓာ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှု၊ အာရက္ခ ပြည်သူများ၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှု၊ စည်းလုံးညီညွတ်မှုများကို မှတ်တမ်းတင် ဂုဏ်ပြု၍ အလေးအမြတ်ပြုကြောင်း၊ ၂၀၂၄ ခုနှစ် ၁ နှစ်တာအတွင်း မြန်မာစစ်တပ်၏ တိုင်းစစ်ဌာနချုပ်ကြီး ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့များက တိုက် ခိုက်ချေမှုန်းနိုင်လိုက်သည့် ဖြစ်ရပ်သည် သမိုင်းဝင်အောင်ပွဲများဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အဆုံးသတ် နေဝင်ချိန် မကြာခင်ရောက်ရှိလာတော့မည်ဆိုသည်ကို ပြသလိုက်ခြင်းဖြစ်ကြောင်း သမ္မတက ဆိုသည်။
အာရက္ခတပ်တော် ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့်အတူ ရခိုင်ပြည်နယ်တခုလုံး စစ်အာဏာရှင် လက်အောက်မှ မကြာမီ လွတ်မြောက်မည်ကို အပြည့်အ၀ ယုံကြည်ပြီး၊ မြန်မာတပြည်လုံး နှင့် ပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် စစ်အာဏာရှင် စနစ်နှင့် စစ်အုပ်စု အဆုံးသတ် ပြုတ်ကျရေး အတူတကွ လက်တွဲတိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း NUG ယာယီသမ္မတက သန္နိဋ္ဌာန်ပြုထားသည်။
ဂွမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကော်စီတပ်များ ဧရာ၀တီတိုင်းအတွင်းသို့ ဆုတ်ခွာနေ
🟥 စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်ထားပြီး ဖမ်း ဆီးရ ရှိသည်နှင့် ကျူးလွန်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြစ်ဒဏ်စီရင်မည်ဟု AA က သတိပေး
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
ရခိုင်ပြည်တောင်ပိုင်း၊ ဂွမြို့သိမ်းတိုက်ပွဲမှာ AA နှင့် စစ်ကောင်စီတပ်များအကြား ပြင်းထန်နေပြီး စစ်ကော်စီတပ်များ ဧရာ၀တီတိုင်းအတွင်းသို့ ဆုတ်ခွာနေကြောင်း AA က သတင်းထုတ်ပြန်သည်။
အာရက္ခတပ်တော်က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြိုလေးမြိုအနက်မှ လက်ရှိအချိန် ဂွတစ်မြို့သာ ကျန်ရှိတော့ပြီဖြစ်ကြောင်း၊ ဂွမြိုသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲဝင်များ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီဖြစ်ကြောင်း၊ အာရက္ခတပ်တော်တပ်ဖွဲဝင်များကလည်း ဂွ မြို သိမ်းတိုက်ပွဲအတွက် ထိုးစစ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဂွမြို့သို့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များကို မည်သိုပင် ဖြည့်တင်းနေစေကာမူ အတင်းအဓမ္မစုဆောင်းထားသော တပ်သားသစ်များဖြင့် ဖွဲစည်းထားသည့် စိတ်ဓာတ်ပျက်ပြားနေပြီး ညွန့်ပေါင်း တပ်အစုအပေါင်းတစ်ခုကဲ့သို့ ဖြစ်နေကြောင်း ၊ စစ်ကောင်စီ တပ်ဖွဲဝင်များ မှာ တိုက်တိုင်းရှုးပြီး ကစဉ့်ကလျားထွက်ပြေးနေမှုများနှင့်အတူ ဂွမြို့သည်လည်း မကြာခင်ရက်များအတွင်း ကျိန်းသေ လက်လွှတ်ဆုံးရှုးရတော့မည့် အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြို့ဖြစ်ကြောင်း AA က ဆိုသည်။
စစ်တပ်က ဂွမြိုရှိ ကျေးရွာများ နှင့် လူနေအိမ်များကိုလည်း မီးရှိဖျက်ဆီးခြင်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းတိုကို ဆက်တိုက် လုပ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေးလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းအတွင်းသို တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေသော စစ်တပ်ကို AA က အဆက်မပြတ် လိုက်စစ်ဆင် တိုက်ခိုက်လျက် ရှိသောကြောင့် ဂွတိုက်ပွဲသည်လည်း နေ့စဉ်ရက်ဆက် ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့များတွင် စစ်ကောင်စီတပ်က ဂွမြို့နယ်၊ "အလယ်ရွာ"ကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်မှ စတင်ကာ ၎င်းတိုအခြေစိုက်ရာ ခမရ ၅၆၃ အနီးအနားမှ လူနေအိမ်များကိုလည်းကောင်း မီးရှိဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီ၏ ထိုကဲ့သို မီးရှိဖျက်ဆီးမှုများကြောင့် အပြစ်မဲ့ပြည်သူလူထု၏ နေအိမ်အများအပြားမှာ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော်အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများ နှင့် အမိန့်ပေး၊ ညွှန်ကြားချက်ပေးသူများကို ဖမ်းဆီးရမိပါက ၎င်းပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်ကြောင်း AA က သတိပေးထားသည်။
ဓာတ်ပုံ- AA က ရခိုင်တွင် သိမ်းပိုက်ထားသော စစ်ကောင်စီတပ်ဌာနချုပ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
Khit Thit သတင်းဌာန ဒီဇင်ဘာ ၂၂ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေး ထားတာလည်း ဖြစ်ပါတယ်။
https://www.youtube.com/watch?v=KBgZrEswyPU
လက်ပံတောင်းတောင်ဒေသတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ခန့်အပ်ခံရမှုကို ကြိုဆိုဝမ်းမြောက်သည့် လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ဒီဇင်ဘာ ၂၁
လက်ပံတောင်းတောင်ဒေသတွင်ကုလသမဂ္ဂ သံတမန်ရေးရာတိုက်ပွဲတွင် ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ခံရသည့်အတွက် “သံအမတ်ကြီး အောင်ပွဲ တို့ပြည်သူတွေရဲ့ အောင်ပွဲ ” စာသားကို ကိုင်ဆောင်ပြီး ကြိုဆိုထောက်ခံသည့် လှုပ်ရှားမှုကို ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြန်မာပြည်သူ့ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ဒီဇင်ဘာလ ၆ ရက်နေ့တွင် အရည်အချင်းစစ်ကော်မတီ၏ ရွေးချယ်မှုဖြင့် လာမည့် ၂ဝ၂၅ ခုနှစ်တွင် ပြည်သူတို့၏အသံကို ကိုယ်စားပြုခွင့် ဆက်လက်ရရှိခဲ့ခြင်း ဖြစ်သည်။
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၁ နေရာကို ထမင်းတစ်နပ်လှူဒါန်း
ရန်ကုန်၊ဒီဇင်ဘာ ၂၁
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၁ နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြ
ရန်ကုန်၊ဒီဇင်ဘာ ၂၁
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ဒီဇင်ဘာလ ၂၁ရက်နေ့တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒပြ ပြည်သူများက တောင်ယာလုပ်ငန်းခွင်များ လုပ်ကိုင်ရင်း "စစ်အာဏာရှင် အလိုမရှိကြောင်း"၊ "စစ်အကြမ်းဖက်အုပ်စုကိုထောက်ခံပေးနေသော တရုတ်အစိုးရကိုအလိုမရှိကြောင်း”၊ "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး"၊ "သွေစွန်းငွေဖြတ်တောက်ရေး စစ်ကောင်စီကို ငွေမပေး" စသည့် ကြွေးကြော်သံများနှင့်အတူ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။
စစ်အာဏာရှင်စနစ်ကို တောင်တန်းနှင့် မြေပြန့်သားများ အတူလက်တွဲ အမြစ်ပြတ် တိုက်ထုတ်ရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောဆို
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို တောင်တန်းနှင့် မြေပြန့်သားများ အတူလက်တွဲ အမြစ်ပြတ် တိုက်ထုတ်ရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်သည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း ၃၆ နှစ်ပြည်သို့ ပေးပို့သည့် သဝဏ်လွှာတွင် NUG အစိုးရက ထည့်သွင်းပြောဆို ထားခြင်းဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာ ထာဝရငြိမ်းချမ်းရေး ရရှိပြီး ဖွံဖြိုးတိုးတက်မှု၊ အေးချမ်းတည်ငြိမ်မှု ရေရှည် တည် တန့်အောင် ထိန်းသိမ်းရေးမှာ စစ်အာဏာရှင်စနစ်ကို တောင်တန်း၊ မြေပြန့်သားများ အတူ လက်တွဲ အမြစ်ပြတ် တိုက်ထုတ်ရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း အသိပေးထားသည်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီသည် အခက်အခဲ၊ စိန်ခေါ်မှုများစွာကို နှစ်ပေါင်းများစွာ ကျော်ဖြတ် ခဲ့ရပြီး ယနေ့ခေတ်တွင် အောင်မြင်မှုအသီးအပွင့်များ ရရှိလျက် ရှိကာ ပြည်ထောင်စုတွင်းရှိ ကျန်လူ မျိုးများ အားကျရသည့် စံပြပြည်နယ်တစ်ခု လက်တွေ့ထူထောင်နိုင်ရန် ကြိုးပမ်းနေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ နှင့်ဝလူမျိုးတို့သည်လည်းခက်ခဲကြမ်းတမ်းသည့်အတိတ် သမိုင်း ကြောင်းကို ဖြတ်သန်းခဲ့ရသလို ယနေ့ကာလတွင် မြန်မာနိုင်ငံ၏တခြားသောနေရာ ဒေသများ၌ လူ မျိုးစု အသီးသီးသည် စစ်အာဏာရှင်စနစ်၏ အကြမ်းဖက်ဖိနှိပ်မှုများကို ရင်ဆိုင်နေရကြောင်း NUG အစိုးရက ထည့်သွင်း ပြောဆိုထားသည်။
ဝ ပြည်အတွင်း နေထိုင်လျက်ရှိသည့် ဝ လူမျိုးများ အပါအဝင် လူမျိုးပေါင်းစုံ၏ အေးချမ်းသာယာမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့ဖော်ဆောင်လျက်ရှိသည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ထူထောင် ခြင်း ၃၆ နှစ်ပြည့်သို့ သဝဏ်လွှာပေးပို့ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာစေရေး၊ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ဝလူမျိုး တို့ နှင့်အတူ လက်တွဲကြိုးပမ်းအားထုတ်သွားမည် ဖြစ်ကြောင်း သဝဏ်လွှာတွင်ဖော်ပြထားသည်။
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့
-အာရက္ခတပ်တော် AA က ဖမ်းဆီးရရှိထားထဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ၃ ဦးကို ပြည်သူအပေါ် ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအလိုက် အပြစ်ပေးအရေးယူမှာ ဖြစ်တယ်လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-မကွေးတိုင်း ငဖဲမြို့နယ်မှာ အမ်းမြို့နယ်ကို သွားလို့မရအောင် ပိတ်ဆို့ထားတဲ့ တော်လှန်ရေပူးပေါင်း တပ်တွေက စစ်ကောင်စီတပ်ရဲ့ စစ်ကူစစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးကတော့ အသီးသီး သေကုန်ကြပြီလို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ တာဝန်ခံ ဆလိုင်းခနီ-လေဗွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-ချင်းပြည်နယ် မင်းတပ်မြို့ကို ချင်းညီနောင် တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက် အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၂၇၄ ဗဟိုကင်းမှာ ချိတ်ဆွဲထားတဲ့ အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို ဖြုတ်ချပြီး ခြေနဲ့ နင်းချေ လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/HWgJBbzE4sA?si=loS1otuUz8otbzr1
ထိုင်းနိုင်ငံ ချွန်ပူလီ အထပ်သားစက်ရုံတွင် အလုပ်ပိတ်ရက်ရရှိရေး ၊ အချိန်ပိုကြေး ရရှိရေးနှင့် အလုပ်လုပ်ခွင့် သက်တမ်းတိုးကုန်ကျစရိတ် လူတစ်ဦးလျှင် ထိုင်းဘတ် ၁၄၄၀၀ ကျော် တောင်းခံမှု လျှော့ချရေး မြန်မာအလုပ်သမား ၆၀၀ ကျော် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ထိုင်းနိုင်ငံ ချွန်ပူလီမြို့ရှိ HOEN FONG HOME LIVING TECHNOLOGY ကုမ္ပဏီ၏ အထပ်သားစက်ရုံ တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများမှာ တရားဝင်အလုပ်ပိတ်ရက်များ ပိတ်ပေးရေး၊ အလုပ်ပိတ်ရက်များတွင် အလုပ်ဆင်းရသည့်အတွက် အချိန်ပိုကြေးမပေးမှု၊ အလုပ်လုပ်ခွ့် သက်တမ်းတိုးရာတွင် လူတစ်ဦးလျှင် ထိုင်းဘတ် ၁၄၄၀၀ အထိ ကောက်ခံနေမှုကို လျှော့ချပေးရေး စုပေါင်း၍ ဆန္ဒပြနေကြကြောင်း သိရှိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မြန်မာအလုပ်သမား ၆၀၀ ကျော် စုပေါင်း၍ ဆန္ဒပြနေကြခြင်းဖြစ်ကာ အလုပ်ပိတ်ရက်များ မပိတ်ပေးခြင်း၊ နားရက်များ မပေးခြင်း၊ စာရွက်စာတမ်းကြေးများ မတရားကောက်ခံခြင်းများ အပါအဝင် အတင်းအကျပ်အလုပ်ခိုင်းစေနေခြင်းရပ်တန့်ရန် တောင်းဆိုးနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပီပိုင် အလုပ်ပိတ်ရက်ကို ပိတ်မပေးလို့ပါ။ ပြီးတော့ အလုပ်သမားတွေအတွက် နားရက်တွေရော မပေးလို့။ စာရွက်စာတမ်းဖိုးတွေလည်း မတရားကောက်နေလို့ လူတစ်ဦးကို ထိုင်းဘတ် ၁၄၄၀၀ ကောက်တာ။ ကျွန်တော်တို့မှာ သူဌေးလည်းရှိတယ်။ ပကန်စံခွန်လည်း ရှိတယ်။ အဲဒါကို ၁၀၀၀၀ တောင်းတယ်။ သူများ စက်ရုံတွေမှာ ၆၅၀၀ တည်းပါ။ MOU နဲ့ လာတဲ့ သူတွေဆိုလည်း မြန်မာပြည်က တစ်မျိုး ထိုင်းကိုရောက်လာတော့ တစ်မျိုး ခိုင်းတာ” ဟု ဆန္ဒပြအလုပ်သမားတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ကုမ္ပဏီတာဝန်ရှိသူများနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း အဆိုပါ စက်ရုံသည် အထပ်သား စက်ရုံဖြစ်ပြီး အလုပ်သမားများကို အလုပ်ခိုင်းရာတွင်လည်း ပိုက်ဆံကို နေ့စားသဘောသာ ပေး၍ အလုပ်ခိုင်းရာတွင်မူ ပုတ်ပြတ်သဘောမျိုး ခိုင်းစေကြောင်း ဆန္ဒပြအလုပ်သမားများ ထံမှ သိရှိရသည်။
ပီပိုင်အလုပ်ပိတ်ရက်ဆိုသည်မှာ ထိုင်းနိုင်ငံ အစိုးရက တရားဝင်ပိတ်ပေးသည့် ရက်များကို ဆိုလိုခြင်းဖြစ်ပြီး အဆိုပါ အလုပ်ပိတ်ရက်များတွင် အလုပ်သမားများကို အလုပ်မပိတ်ပေးဘဲ အတင်းကြိမ်းမောင်းကာ အလုပ်ဆင်းခိုင်းခြင်းဖြစ်ကြောင်း၊ ဖက်လုံးပိတ်ရက်ဆိုသည်မှာ အလုပ်သမားများ တစ်နှစ်ရရှိရမည့် နားရက်များကို ဆိုလိုခြင်းဖြစ်ပြီး ဖက်လုံးနားကြေးအတွက်လည်း ပိုက်ဆံထပ်ဆောင်းပေးခြင်းမရှိဘဲ အလုပ်ခိုင်းစေကာ အလုပ်သမားဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများက ပြောဆိုသည်။
မရမ်းကုန်းမြို့နယ်၊ APOLLO ဟိုတယ်တွင် မင်္ဂလာပွဲ လာတက်သည့် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့မှ ဗိုလ်မှူး ဇေယျာမင်းကို ပစ်ခတ်မှု ဒဏ်ရာရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ APOLLO ဟိုတယ်တွင် မင်္ဂလာပွဲ လာတက်သည့် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့မှ ဗိုလ်မှူး ဇေယျာမင်းကို ပစ်ခတ်ခဲ့ကြောင်း Yangon Phoenix မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်၊ အထက်ဗဟိုလမ်းရှိ APOLLO ဟိုတယ်တွင် ညီမဖြစ်သူ၏ မင်္ဂလာ ဆောင်သို့ လာရောက်သည့် ဗိုလ်မှူးဇေယျာမင်း ကို အပြန်လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဗိုလ်မှူးဇေယျာမင်းမှာ ဒဏ်ရာရရှိပြီး စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။
"သူတို့က ကားနဲ့မောင်းပြေးတယ်။ ကားနဲ့ထွက်လာတာကို လိုက်ပစ်တာပါ။ လောလောဆယ်အထိကတော့ဒဏ်ရာရရှိတယ်လို့ပဲ သိရပါတယ်" ဟု တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။
ပစ်ခတ်ခံရသော ဗိုလ်မှူးဇေယျာမင်းသည် ပြင်ဦးလွင်ရှိ တပ်မတော်စက်မှုလက်မှုသင်တန်းကျောင်း တွင်တာဝန်ထမ်းဆောင်နေရာမှ ညီမဖြစ်သူ၏ မင်္ဂလာဆောင်သို့ လာရောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသွားသော ဗိုလ်မှူးဇေယျာမင်း။
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကန်ပက်လက်မှာ တပ်စွဲထားတဲ့ စစ်သားနဲ့ရဲတွေအားလုံး မြို့ကနေ စွန့်ခွာသွားတာကြောင့် ကန်ပက်လက်မြို့ကို ပြည်သူတွေနဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ CDF ကန်ပက်လက်သတင်းရင်းမြစ်က ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က အပြီးသတ်သိမ်းပိုက်နိုင်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတဒူဝါလရှီးလက ဂုဏ်ယူဝမ်းမြောက်ပြီး စစ်အာဏာရှင်ရဲ့ အဆုံးသတ်နေဝင်ချိန် ရောက်ရှိတော့မှာကို ပြသနေကာ စစ်အုပ်စုအဆုံးသတ်ပြုတ်ကျရေး အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ AA ဆီကို သဝဏ်လွှာပေးပို့ သန္နိဋ္ဌာန်ပြုလိုက်ပါတယ်။
ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၄ ဦးအပါအဝင် တပ်သား ၁၂ ဦးသေဆုံးပြီး စစ်ဦးစီးဌာန စစ်ဆင်ရေးရုံးခန်း၊ စခန်းရုံး၊ အရာရှိလိုင်းခန်းနဲ့ ကား ၃ စီး မီးလောင်ပျက်စီးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/UmtzordD5Xs?si=ABFYNkGHV21vHi6K
နေပြည်တော်နှင့်ရန်ကုန်ကို တစ်ရက်တည်း လေယာဉ်ဖြင့် ကူး၍ မင်းအောင်လှိုင် ပွဲတက်နေပြီး ဒီဇင်ဘာလကုန်အထိ ပွဲများ ဆက်တိုက် တက်ရောက်ဦးမည်၊ စစ်ရှုံးနေသော်လည်း ပွဲတက်နေသည့် မင်းအောင်လှိုင် ပျော်ရွှင်နေသည်ဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတစ်ဝန်း စစ်ရှုံးမှုများ အကြီးအကျယ် ကြုံတွေ့နေသော်လည်း စစ်ခေါင်းဆောင် မင်းအောင် လှိုင်မှာ နေပြည်တော်နှင့် ရန်ကုန်သို့ တစ်ရက်တည်း လေယာဉ်ဖြင့် ကူး၍ ပွဲများတက်ရောက်နေပြီး ပျော်ရွှင်နေကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။
ဒီဇင်ဘလ ၂၂ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက်မင်းအောင်လှိုင်သည် နေပြည်တော်တွင် ရေဆင်းတက္ကသိုလ် နှစ် ၁၀၀ ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ယင်းနောက် လေယာဉ်ဖြင့် ရန်ကုန်သို့ ကူးပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်း ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ St.Mary Cathedralတွင် ပြုလုပ်သည့် ခရစ္စမတ်အကြို အခမ်းအနားနှင့် ညစာစားပွဲကိုလည်းကောင်း တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြင်္နထားသည်။
ဒီဇင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်ရှုံး မင်းအောင်လှိုင်က မှော်ဘီတွင်ပြုလုပ်မည့် ဗိုလ်သင်တန်းဆင်းပွဲ၊ သန်လျင်တွင် ပြုလုပ်မည့် ရေတပ်သင်္ဘောများ တပ်တော်ဝင်ပွဲ၊ ဗိုလ်တထောင်တွင် ပြုလုပ်မည့် ရေတပ်နှစ်ပတ်လည်ပွဲနှင့် ရွှေတိဂုံ အနောက်မုဒ် မြေအောက် လူကူးတံတားဖွင့်ပွဲများပါ ဆက်လက်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ တက်ရောက်ရာတွင်လည်း စစ်တပ် လုံခြုံရေးကို အထူးအဆင့်အဖြစ် သတ်မှတ်၍ တင်းကျပ်သွားမည်ဖြစ်ပြီး စစ်တပ် မိသားစုဝင်များကိုပါ အရာရှိပိုင်းများက မဖြစ်မနေ တက်ရောက်ရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။
ရခိုင်နှင့်ချင်းပြည်နယ်တွင် အကြီးအကျယ် စစ်ရှုံးနေသော်လည်း ပျော်ပွဲရွှင်ပွဲများ ဆက်တိုက်ကျင်းပနေသည့် အပြင် တပ်မိသားစုဝင်များပါ တက်ရောက်ခိုင်းခြင်းကြောင့် မင်းအောင်လှိုင်ကို အကြီးအကျယ် ဝေဖန်နေကြသည်။
" တပ်ချုပ်က ရန်ကုန်ကို ရောက်နေတယ်။ ဒီ လာမယ့် ၂၄ ရက်နဲ့ ၂၅ ရက်နေ့မှာ မှော်ဘီ ဗိုလ်သင်တန်းဆင်းပွဲ၊ သံလျင် ရေတပ်တပ်တော်ဝင်ပွဲ၊ ဗိုလ်တထောင် ရေတပ်နှစ်ပါတ်လည်ပွဲကော နောက်ပြီး ရွှေတိဂုံ အနောက်မုဒ် မြေအောက်လူကူးတံတားဖွင့်ပွဲတက်မယ်။ လုံခြုံရေးကို အထူးအဆင့်ဆိုပြီး တော်တော် တင်းကျပ်ထားတယ်။ သူ့ကို ကြည့်ရတာတော့ တက်တက်ကြွကြွ လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင် ရှိပါတယ်။" ဟု တပ် သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် မောင်တော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းမြို့နယ်နှင့် ဂွမြို့နယ်တို့ကို AA က သိမ်းပိုက်ရရှိထားပြီး ချင်းပြည်နယ်တွင် မင်းတပ်နှင့် ကန်ပက်လက်မြို့များကို ချင်းညီနောင်တပ်ဖွဲ့ ပါဝင်သော တော်လှန်ရေးမဟာမိတ်တပ်များက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
AA က ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ၃ ဦးကို ပြည်သူအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများအတွက် အပြစ်ပေးအရေးယူမည်
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
အာရက္ခတပ်တော် AA က ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ၃ ဦးကို ပြည်သူအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ စစ်ဆေးနေပြီး ကျူးလွန်သည့်ပြစ်မှု အပေါ် လိုက်၍ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
AA က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းကိုလည်းကောင်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကိုလည်းကောင်း ဖမ်းဆီးရရှိခဲ့ပြီး ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် စကခ ၁၅ မှ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင် လက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဗိုလ်မှူးချုပ်များသည် ပြည်သူအပေါ် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများရှိနေပြီး အဆိုပါ စစ်ရာဇဝတ်မှုများ နှင်ပတ်သက်ပြီး AA က စုံစမ်းစစ်ဆေးနေကြောင်း၊ ၎င်းတို့ တစ်ဦးချင်းစီ အလိုက် ကျူးလွန်ခဲ့ကြသော ပြစ်မှုများအပေါ် လိုက်၍ ပြစ်ဒဏ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
"ဖမ်းဆီးရမိထားတဲ့ မြန်မာဖက်ဆစ်စစ်တပ်က အကြမ်းဖက်စစ်အရာရှိကြီးတွေရဲ့ ပြည်သူတွေအပေါ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေနှင့်ပတ်သက်ပြီးတော့ ကျနော်တို ULA/AA အနေနှင့်စံနစ်တကျသေသေချာချာစစ်ဆေးဖော်ထုတ်သွားမှာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရင်တော့ သူတိုတယောက်ချင်းစီကျူးလွန်ခဲ့တဲ့ပြစ်မှုအပေါ်မှာမူတည်ပြီးမှ ပြစ်မှုနှင့်ပြစ်ဒဏ်မျှတအောင်စီစဉ်ဆောင်ရွက်အပြစ်ပေးသွားမှာဖြစ်ပါတယ်" ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရှင်းပြသည်။
AA က ဖမ်းဆီးရရှိထားသော စစ်တပ် ဗိုလ်မှူးချုပ် ၃ ဦးအနက်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်းမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (မန္တလေး)တွင် တိုင်းဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်စဉ် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ နန်းတွင်း စစ်ကြောရေးတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးညှဉ်း ပန်း နှိပ်စက်သတ်ဖြတ်ခြင်း၊ စစ်အာဏာရှင် ဆန့်ကျင်သော ဗကသ ကျောင်းသူတချို့ကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး နာမည်ကြီးသော ဆရာတော် အလင်္ကာကြယ်ကို ထောင်မှထွက်လာပြီးနောက် သတ်ဖြတ်ခြင်း အပါအဝင် စစ်ရာဇဝတ်မှုများကို အမိန့်ပေးကျူးလွန်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် အလုပ်သင် ဗိုလ်လောင်းသင်တန်း OTS ၂၂ ကျောင်းဆင်းဖြစ်ပြီး ဇနီးဖြစ်သူ နန်းဖြူဖြူဖြိုး၊ သမီးသက်ထားစံနှင့် သားဖြစ်သူ ခန့်စစ်သွေးတို့ ထွန်းကားသည် ။
၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့၏ စစ်ဗျူ ဟာမှူးအဖြစ် တာဝန်ယူခဲ့ပြီး စစ်အာဏာသိမ်းချိန်၂၀၂၁ ခုနှစ်တွင် မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ် ဖြစ်လာခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ်အဖြစ် ဗိုလ်မှူးကြီး/ဗိုလ်မှူးချုပ် သူရိန်ထွန်းက တာဝန်ယူစဉ်က မန္တလေးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများစွာ ဖြစ်ပွားနေချိန်လည်းဖြစ်သည်။ ထိုအချိန် ငြိမ်းချမ်းသော မန္တလေး လူထု ဆန္ဒပြပွဲများကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းရန် စစ်ကောင်စီက အမိန့်ပေးညွှန်ကြားခဲ့ရာ ယင်းအမိန့်ကို မြေပြင်တွင် အဓိက အကောင်အထည်ဖော်ရသူမှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းဖြစ်သည်။
မန္တလေးမြို့တော်တွင် ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းခြင်းနှင့် ပစ်ခတ်သတ်ဖြတ်ခြင်းများကို လက်တွေ့ အနီးကပ် အမိန့်ပေး အကောင်အထည်ဖော်ရာတွင် ဗိုလ်မှူးချုပ်သူရိန်ထွန်း က ဆောင်ရွက်ခဲ့သည်။
၂၀၂၂ အောက် တိုဘာလတွင် ဘူးသီးတောင် စကခ ၁၅ ကွပ်ကဲရေးမှူး ဖြစ်လာခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ဘူးသီးတောင်နှင့် မောင်တောမြို့တို့ကို မီးလောင်တိုက်သွင်းရာတွင် အဓိက လုပ်ဆောင်ခဲ့သူဖြစ်ပြီး ဘူးသီးတောင်၊ မောင်တောဒေသမှ မွတ်စလင်များကို စည်းရုံး၍ လက်နက်တင်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းအပါအဝင် ရခိုင်တိုင်းရင်းသားတို့နှင့် မွတ်စလင်များအကြား လူမျိုးရေးပဋိပက္ခများကို ဖန်တီးကာ အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ဦးဆောင်အမိန့်ပေးခဲ့သူလည်းဖြစ်သည်။
ဘူးသီးတောင်မြို့ ကို AA က မသိမ်းပိုက်မီ AAကို မုန်းတီးရေးအတွက် မွတ်စလင်များအကြား လူမျိုးရေး အမုန်းတရားလှုံ့ဆော်သည့် သပိတ်များကို ၎င်းက ဦးဆောင် ဖန်တီးခဲ့ပြီး ဘူးသီးတောင်မြို့ပေါ်ရှိနေအိမ်များကို မီးရှို့ဖျက်ဆီးရန် အဓိကစေခိုင်းခဲ့သူမှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းဖြစ်ကြောင်း သိရှိရသည်။
တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်-တပခကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဒုံး ၅ လုံး ထိမှန်ပေါက်ကွဲ
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် -တပခ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ လုံးအောင်မြင်စွာ ထိရောက်ပေါက်ကွဲ ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက်အစောပိုင်း ၀၀ နာရီ ၃၅ မိနစ်အချိန်က အကြမ်းဖက် စစ်ရှုံး ကောင် စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇လုံး ဖြင့် တိုက်ခိုက်ရာ ၅ လုံးကို အောင်မြင်စွာ ထိရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု၊ ပျက်စီးမှု ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့၊ (Anti-Coup People’s Liberation Force – ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းကာ BWM ၏ Mission 27 အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းမစ်ရှင်အောင်မြင်ရေးအတွက် ဗိဿနိုး (တောင်တွင်းကြီး) အဖွဲ့ ကလည်း တဖက်လမ်းမှ ပါဝင်ကူညီအားဖြည့်ခဲ့ကြောင်း သိရသည်။
စစ်ရှုံးကောင်စီ၏တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) သည် ပဲခူးတိုင်း၊ ကရင်ပြည်နယ် မြောက် ဘက်ခြမ်း ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများရှိ တော်လှန်ရေး အင်အားစုများကို အကြမ်းဖက် နှိမ်နင်းရန် ကြိုးကိုင် နေသည့် စစ်ဌာနချုပ် ဖြစ်သောကြောင့် ပစ်ခတ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရခြင်းမှာ မြန်မာပြည်၏ နေရာအနှံ့အပြားရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် များ အစွမ်းကုန် ကြိုးစား တိုက်ခိုက်သော တော်လှန်ရေး အရွှေ့ဖြစ်စေရန်အတွက် အကူအညီ ဖြစ်စေ ရန် ရည်ရွယ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆို သည်။
စစ်ရှုံးကောင်စီ၏ အကြမ်းဖက် နှိပ်စက်မှု၊ လူငယ်များကို အတင်းအဓမ္မပြန်ပေးဆွဲစေခိုင်းမှု၊ လေ ကြောင်းတိုက်ခိုက်မှုများ ကြောင့်နိုင်ငံ တဝန်းရှိ ပြည်သူများ စိတ်မလုံခြုံခြင်း ခံစားရသကဲ့သို့ Christmas အခါသမယမျိုးတွင်ပင် စစ်ရှုံးကောင်စီ နှင့် သူ၏မိသားစုဝင်များသည်လည်း ၎င်းတို့ မှီခိုအားကိုးရာစစ်ဌာနချုပ်အတွင်း၌ပင် မလုံခြုံတော့ကြောင်းလက်တွေ့ခံစားရစေရန် တိုက်ခိုက်ခြင်း လည်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
တောင်ငူမြို့ အမှတ် ၉၃၀ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ စစ်ကောင်စီ၏ အမှတ် ၉၃၀ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ၂၂ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ ထောက်ပံ့ပို့ဆောင်ရေး ၉၃၀ တပ်ကို ရှော့ တိုက်ဒုံး ၃လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပျက်စီးဆုံးရှုံးမှုနှင့်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး စစ်တပ်က တပ်တွင်းဖုန်းလိုင်းများကို ဖြတ်တောက်ထားကြောင်း သိရှိရသည်။
တောင်ငူမြို့မှ ပြည်သူတစ်ဦးကလည်း ယနေ့ နံနက်အစောပိုင်းတွင် ပေါက်ကွဲသံများနှင့် ရှော့တိုက်ဒုံး ပစ်ခတ်သံများကြားရပြီး နေအိမ်များ တုန်ခါသွားခဲ့ကြောင်း ပြောဆိုသည်။
"ဒီမနက်အစောပိုင်း ၁၂ နာရီ ၃၄ မိနစ်မှာ တပခ(တောင်ပိုင်းတိုင်းစစ်ဌာနချုပ်)ထဲကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်သံကြားရပါတယ်။ စုစုပေါင်း ၃ ချက်ပါ ။ ပြည်သူတွေ တော်တော်များများ လန့်နိုးကုန်ကြတယ်" ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် မုံရွာမြို့ရှိ နမခ ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
မိုးညို၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို စစ်တပ်က တပ်သားသစ်အဖြစ် ပေါ်တာဆွဲဖမ်းဆီးစဉ် နှလုံးရောဂါအခံရှိသော မိခင်ဖြစ်သူ ရှော့ခ်ရ သေဆုံး၊ မိခင်နာရေးသို့ သားဖြစ်သူကို လက်ထိပ်ခတ်၍ ပို့ဆောင်ခွင့်ပြု
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် ရှေ့တန်း ပို့ဆောင်လိုက်၍ နှလုံးရောဂါ အခံရှိသည့် မိခင်ဖြစ်သူ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၅ ရက်နေ့တွင် မိုးညိုမြို့နယ်၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက်၍ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးသွားပြီးနောက် မိခင်ဖြစ်သူက မိုးညိုမြို့နယ် ထွေ/အုပ်ရုံး၌ မိခင် ဖြစ်သူက သားဖြစ်သူ သတင်းကို သွားရောက် စုံစမ်းပြီး တွေ့ခွင့် တောင်းစဉ် တွေ့ခွင့်မပေးဘဲ ရှေ့တန်းကို ပို့ဆောင်လိုက်ပြီဟု စစ်သားများက ပြောဆိုကြောင်း ၊ ရှေ့တန်းပို့ဆောင်ခံရသည်ကို ကြားသည်နှင့် မိခင်ဖြစ်သူမှာ နေရာတွင်ပင် စိုးရိမ်မှုများဖြင့် ငိုကြွေးကာ နှလုံးရောဂါအခံဖြင့် ယင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် မိခင်ဖြစ်သူ၏ နာရေးကို သဂြိုလ်ရာတွ် တပ်သားအဖြစ် စုဆောင်းခံထားရသော သားဖြစ်သူကို လက်ထိပ်ခတ်၍ စစ်သားတချို့က ၀ိုင်းလျက် လိုက်ပါပို့ဆောင်ခွင့်ပြုခဲ့ကြောင်း၊ မိခင် နာရေးပြီးဆုံးချိန်တွင် စစ်တပ်က ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
"ဗောဓိကုန်းကျေးရွာက လူငယ် ၁ ဦးကို စစ်ခွေးတွေက နေအိမ်ထဲထိ စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားတာကို မိခင်ဖြစ်သူက မိုးညိုထွေအုပ်ရုံးမှာ သားဖြစ်သူရဲ့ သတင်းကို သွားစုံစမ်းပြီး တွေ့ခွင့်တောင်းတာကို တွေ့ခွင့်မပေးဘဲ ရှေ့တန်းကို ပို့လိုက်ပြီလို့ စစ်ခွေးတွေက ပြန်ပြောဆိုလိုက်လို့ မိခင်ဖြစ်သူ နှလုံးရောဂါအခံကြောင့် နေရာမှာပဲ လဲကျသေဆုံးသွားပါတယ်။ မိခင်ရဲ့ နာရေးကိုလည်း သားဖြစ်သူက လက်ထိပ်တန်းလန်းနဲ့ လိုက်ပို့ရပါတယ်။ တကယ့်ကို ရင်နာစရာ ဘဝတွေပါ" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
လတ်တလော မိုးညိုမြို့နယ်တစ်ခုလုံးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ အကြီးအကျယ် ဖြစ်ပွားနေပြီး လူငယ်များမှာ တောတောင်များနှင့် လယ်တောများထဲတွင် ညပိုင်း သွားရောက်အိပ်စက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရှမ်းပြည်တောင်ပိုင်းတွင် စစ်မှုထမ်းအပတ်စဉ် ၈ တက်ရန် ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များ။
စစ်ရှုံးနေသော်လည်း ပွဲကြိုက်သည့် မင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ၇၇ ကြိမ်မြောက် ရေတပ် နှစ်ပတ်လည် အခမ်းအနားပွဲ တက်ရောက်မည်ဖြစ်ပြီး လုံခြုံရေး တင်းကျပ်ထား
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်း၊ ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ရေနှစ်ပတ်လည် အခမ်းအနားပွဲသို့ အကြမ်းဖက် စစ်ရှုံး မင်းအောင်လှိုင်က တက်ရောက်မည်ဖြစ်ပြီး ရေတပ်နှစ်ပတ်လည်ပွဲနှင့်အတူ ပျော်ပွဲရွှင်ပွဲများကိုပါ မဖြစ်မနေ ထည့်သွင်းကျင်းပခိုင်းထားကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ရေတပ် နှစ်ပတ်လည်ပွဲ အခမ်းအနားနှင့်အတူ ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်း၌ ဈေးရောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲများကိုပါ ကျင်းပမည်ဖြစ်ကာ လုံခြု့ရေးအတွက် အထူးတင်းကျပ် ပြင်ဆင်ထားကြောင်း သိရှိရသည်။
လတ်တလော အချိန်အထိ အဆိုပါ အခမ်းအနား သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်မည်ဟု စီစဉ်ထားပြီး ဧရာဝတီ ရေတပ်စခန်းဌာနချုပ် အဝင်လမ်းများကို ပြုပြင် ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း၊ ကမ်းနားလမ်းမှ တပ်ထဲအထိ ဝင်သည့် လမ်းများကိုလည်း ဆေးသုတ်နေကြောင်း၊ ထို့ပြင် လမ်း၌ ရပ်နားထားသော ကွန်တိန်နာကားများကိုလည်း ရှင်းခိုင်း ထားကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ ပြုလုပ်မည့် အခမ်းအနားတွင် စစ်သင်္ဘော ၂ စီး ရေချ၍ တပ်တော်ဝင်မည်ဖြစ်ကြောင်း၊ စစ်သင်္ဘော ၂ စီး တပ်ဝင်တော်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တက်ရောက်ဖွင့်လှစ် ရေချပေးမည်ဖြစ်ကြောင်း သိရှီရသည်။
"ရေတပ် ဘောလုံးကွင်းထဲမှာ ရေတပ် နှစ်ပတ်လည် အခမ်းအနားနဲ့ ပျော်ပွဲရွှင်ပွဲတွေအတွက် ပြန်ဆောက်နေကြပြီ။ စတိတ်စင်တွေလည်း ဆောက်ထားတာတွေ့တယ်။ ဧရာ၀တီရေတပ်ဌာနချုပ် ထဲဝင်တဲ့ အဝင်လမ်းတွေကို ပြုပြင် ရှင်းလင်းထားတယ်။ ကမ်းနားလမ်းကိုလည်း တပ်ထဲ အဝင်ထိ အလယ် လမ်းတွေ ဆေးသုတ်ပြီး လမ်းမှာ ရပ်၊ အိပ် လုပ်တဲ့ ကွန်တိန်နာကားတွေကိုလည်း ရှင်းခိုင်းထားတယ်။ လုံခြုံရေးကိုလည်း အရင်နဲ့မတူဘူး။ ပိုတင်းကျပ်ထားတယ်။ ပွဲကိုတော့ ဒီဇင်ဘာလ ၂၄ ရက် တစ်ရက်ပဲ လုပ်မယ်။ သန်လျင် ဆိပ်ကမ်းမှာ သင်္ဘော၂စီး ရေချပြီး တပ်တော်ဝင်မယ်။ တပ်ချုပ်တက်ပြီး ဖွင့်လှစ်ပေးမယ်။ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းလုပ်မယ်။ လုံခြုံရေးကြောင့် တပ်ချုပ် တက်၊ မတက်နဲ့ အချိန်အပြောင်းအလဲ ရှိနိုင်တယ်။" ဟု တပ် သတင်းရင်းမြစ်ကပြောဆိုသည်။
သန်လျင်မြို့နယ်မှ ပြည်သူများကလည်း ယခုရက်ပိုင်းအတွင်း သန်လျင်မြို့နယ်တွင် စစ်တပ်က ၂၄ နာရီ လုံခြုံရေး ပြင်ဆင်နေကြောင်း၊ နံနက်ပိုင်းမှ ညတစ်ညလုံး စစ်ကားများ၊ ဆိုင်ကယ်များဖြင့် စစ်တပ်၊ ရဲနှင့် ပျူစောထီးများက ကင်းလှည့်နေသည့်အပြင် စစ်ဆေးရေးများကိုလည်း ပိုမို လုပ်ဆောင်လာကြောင်း ပြောဆိုကြသည်။
" မအလ သန်လျင်လာမယ်လို့ ကြားတယ်။ စခ၊ ရခနဲ့ ပျူတွေက ကားတွေဆိုင်ကယ်တွေနဲ့ နေ့ရော ညပါ လုံခြုံရေးကင်းတွေလှည့်နေပါတယ်" ဟု သန်လျင်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ရခိုင်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆုံးရှုံးပြီး ဗိုလ်မှူးချုပ် အဆင့်စစ်ခေါင်းဆောင်များ ဖမ်းဆီးခံနေရခြင်း၊ ချင်းပြည် နယ်၊ ကရင်ပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင် နယ်မြေများ ဆုံးရှုံးနေခြင်းများ ကြုံတွေ့နေရချိန်ဖြစ်သော်လည်း စစ်ခေါင်း ဆောင်မင်းအောင်လှိုင်မှာ အမျိုးသားအားကစားပွဲတော် တက်နေခြင်း အပါအဝင် ပွဲများ ကျင်းပ တက်ရောက် နေမှုဖြင့်သာ အချိန်ကုန်နေ၍ ပွဲကြိုက်ခင် စစ်ဗိုလ်ချုပ်အဖြစ် တပ်တွင်း ဝေဖန်နေကြကာ စစ်တပ်၏သမိုင်းတစ်လျှောက်လုံးတွင် အညံ့ဖျင်းဆုံးသော ခေါင်းဆောင်အဖြစ် ပြစ်တင်ရှုတ်ချနေကြသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၂၁ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၁၃ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များအရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိ သည်ကို သိစေအပ်ပါသည်။
လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်း၌ တပ်စွဲထားသော စစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်းပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ် ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNDF အမှတ် ၂ ဗျူဟာ ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်းပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်စခန်းကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၂ ပွင့် ဗိုလ် ၁ ဦး၊ တပ်ကြပ် ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ အသုံးပြုသော MA-1 အမျိုးအစား သေနတ် ၇ လက်၊ MA-11 အမျိုးအစား သေနတ် ၄ လက် နှင့် MA-3 အမျိုးအစား သေနတ် ၁ လက် စုစုပေါင်း သေနတ် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ဒရုန်း အပါအဝင် လက်နက်ကြီးများဖြင့် အများအပြား ပြန်လည်ပစ်ခတ်ခဲ့သည့်အပြင် လွိုင်ကော်မြို့မှ တဆင့်အခြားနေရာ ဒေသများကို ထိုး စစ် ဆင်တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ်- ၂ ၊ KNDF တပ်ရင်းအမှတ်- ၂ ၊ KNDF တပ်ရင်းအမှတ်- ၁၄ ၊ KNDF UAV နှင့်Loikaw Local PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် စစ်ရေးအခြေအနေများကို အမြဲမပြတ် နားစွင့်ထားရန် KNDF အမှတ် ၂ ဗျူဟာက တိုက်တွန်းထားသည်။
မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိပြီး PDF ရဲဘော် ၂ ဦးကျဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိကြောင်း ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက် သိမ်းပိုက်နေစဉ် အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး PDF ရဲဘော် ၂ ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်စဉ် ပျူစောထီးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်သားအားလုံး တပ်ပျက်၍ ထွက်ပြေး သွားသောကြောင့် တော်လှန်ရေး ရဲဘော်များ ပျူစောထီးရွာတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် သရက်ကွ ပျူစောထီးရွာအတွင်း နယ်မြေရှင်းလင်းရေးများ ဆက်လက် လုပ်ဆောင်နေပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား သေဆုံးမှု အရေအတွက်နှင့် လက်နက်ခဲယမ်း သိမ်းဆည်းမှု အခြေအနေကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။
"ကျန်တော်တို့ တိုက်တုန်းကတော့ ရဲဘော် ၂ ဦး ကျဆုံးတာနဲ့ အကုန်မရခဲ့ဘဲ ဘေးကနေ ဝိုင်းထားပြီးတော့ ထပ်ပြီးပိတ်ဆို့ တိုက်ခိုက်နေချိန် အတွင်းမှာပဲ ဒီကောင်တွေ ဆုတ်သွားတာ စစ်ခွေးသေစာရင်းက ပြန်စစ်ဆေးရအုန်းမယ်။ လက်ရှိက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသေးတဲ့ အချိန်ပဲ ရှိသေးတယ်။ လက်နက် သိမ်းဆည်းရရှိမှု အခြေအနေတွေလည်း ကျန်တော်တို့ ဆက်လက် ထုတ်ပြန်သွားပါ့မယ်။ ပျူစောထီးရွာကိုတော့ သိမ်းလိုက်ပါပြီ" ဟု ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယင်းမာပင်မြို့နယ်အတွင်း သပိတ်စစ်ကြောင်းများ ပူးပေါင်း၍ တော်လှန်ရုပ်ရှင်ပြသ
ရန်ကုန်၊ဒီဇင်ဘာ ၂၁
ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြို့နယ်တွင်း ၉ ညမြောက်အဖြစ် တော်လှန်ရုပ်ရှင်ပြသခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ရုပ်ရှင်ပြပွဲကို ယင်းမာပင်ဆားလင်းကြီးရွာပေါင်းစုံသပိတ်၊ လူငယ့်အားမာန်သပိတ်စစ်ကြောင်းနှင့် ယင်းမာပင်ခရိုင်တပ်ရင် ၁ တို့ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးအခြေနေများ၊ နိုင်ငံရေးအခြေနေများကို လူထုနှင့်ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အာရက္ခတပ်တော် AA ရဲ့ နှစ်ပတ်လည် အခမ်းနားကို လက်ကမြင်းကြောထပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မိတယ်လို့ လက်ရှိ AA တပ်ဖွဲ့ဆီမှာ လက်နက်ချ အညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ တပ်ကြပ်ကြီး မျိုးမင်းထွန်း ဆိုသူက ကိုယ်တိုင် ဝန်ခံထွက်ဆိုထားတဲ့အပြင် ၊ AA ကို အွန်လိုင်းပေါ်မှာ လှောင်ပြောင် သရော်ပြီး အာချောင်ခဲ့တဲ့ စစ်သားလည်း အမ်းတိုက်ပွဲမှာ သေသွားပြီလို့ ပြောထားပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းတွေကို မန္တလေး PDF က စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ထန်းပင်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခြေမှုန်းမှုအတွင်းမှာလည်း စစ်ကောင်စီတပ်သား ၂ ဦးကိုပါ အရှင်ဖမ်းဆီးရမိခဲ့သလို ၊ သေနတ် ၅ လက်ကိုလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ မန္တလေး PDF က သတင်းထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့ကို ချင်းညီနောင် တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်သိမ်း ပိုက်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/RoK8u-_E2tQ?si=MNF1CrONEXtAgBjG