ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်စစ်ရုံးမှာတောင် ဆိုလာဓာတ်အားပေးစနစ် သုံးနေရပြီဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေ အားလုံးကို ဆိုလာစနစ်နဲ့ လျှပ်စစ်သုံးစွဲကြပါဆိုပြီး အကြမ်းဖက် ဒုတိယ စိုင်းဝင်က ညွန်ကြားလိုက်ပြန်တယ်လို့ သိရပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေအားလုံးကို ပြည်ပအလုပ်အကိုင်နဲ့ သွားရောက်ဖို့ ပထမဆုံးအဆင့်အနေနဲ့ တက်ရောက်ရတဲ့ ပြည်ပအလုပ်အကိုင် လမ်းညွန်သင်တန်းတင်ခွင့်ကို တရားဝင်ပိတ်ပင်လိုက်ပြီလို့ ရန်ကုန်ခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ်-ရေး လမ်းပိုင်းက နှစ်စုံကျေးရွာ တံတားအနီး တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက် ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား ၅ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/watch?v=WUYfBOoj5N0
ထိုင်းနိုင်ငံက လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ပြီးနောက် BGF နှင့် DKBA က ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းတိုက်ဖျက်မည်ဟု ကြေညာ
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ထိုင်းနိုင်ငံက လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ပြီးနောက် BGF နှင့် DKBA က လူကုန်ကူးမှု တိုက်ဖျက်ပြီး မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ရာဇဝတ်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း နှိမ်နင်းမည်ဟု ကြေညာလာကြသည်။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် - DKBA အနေဖြင့် နိုင်ငံတကာက တိုက်ဖျက်လျက်ရှိသည့် လူကုန်ကူးခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးလုပ်ငန်းများကို နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း DKBA တပ်မဟာ ၁ တပ်မမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဗဟိုစစ်ဌာနချုပ်ရုံး (ဆုံဆည်းမြိုင်) ၌ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) ဝင်များ အစည်းအဝေးဖြင့် ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်း နှိမ်နှင်းရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် - DKBA အဖွဲ့အစည်းအနေဖြင့် လက်ရှိနိုင်ငံတကာမှ တိုက် ဖျက်လျက်ရှိသည့် လူကုန်ကူးခြင်း၊ လူလူချင်း ညှင်းပန်းနှိပ်စက်ခြင်းတို့ကို နိုင်ငံတကာနှင့်အတူ ပူး ပေါင်းတိုက်ဖျက်သွားမည်ဖြစ်ဖြစ်ပြီး မိမိတို့ထိန်းချုပ်နယ်မြေအတွင်း လူကုန်ကူးခံရသူများကို မြန်မာ နိုင်ငံသံရုံးနှင့်အတူ နိုင်ငံတကာ သံရုံးများမှ တောင်းခံလာပါက ရှာဖွေပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့အပြင် ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး တားဆီးနှိမ်နှင်းသွားမည် ဖြစ်ပြီး ဒေသခံပြည်သူ လူထု စားဝတ်နေရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကို အကောင် အ ထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်က်ပြောဆိုသည်။
“ရည်ရွယ်ချက်ကတော့ ထုတ်ပြန်ချက်ထားတဲ့အချက် ၄ ချက်ပေါ့၊ လူကုန်ကူးမှုနဲ့ ပတ်သက်တာ တော့လုံးဝ၊ လုံးဝ တိုက်ဖျက်သွားမှာပေါ့။ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ၊ အချက် ၄ ချက်အပေါ်မှာ ဆုံးဖြတ်ထားတာပေါ့၊ ပြောရရင် ထိုင်းကလည်း ကျနော်တို့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ကို ဆီတို့၊ မီးတို့အင်တာနက်တို့ အကုန်ဖြတ်ချတာကိုး၊ ဒါတွေကလည်း DKBA နယ်မြေထဲမှာလည်း တချို့ရှိ သလို လူမိုက်လူဆိုး တွေသန့်ရှင်းရေးလုပ်ဖို့အတွက် တပ်ဗိုလ်တပ်မှူးတွေ ပူးပေါင်း တိုက် ဖျက်သွားဖို့ ဆုံးဖြတ်ချက်ချတာပေါ့။” ဟု DKBA တပ်မဟာ ၁ တပ်မမှူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အလားတူ ကရင်ပြည်နယ်၊ နယ်စပ်ဒေသများတွင် တရားမဝင် ရာဇဝတ်မှုများကို အစိုးရ၊ နိုင်ငံတကာတို့နှင့် ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမည်ဟု စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF က ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ထုတ်ပြန် သည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်အနေနှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများတွင် ဆောင်ရွက်ခဲ့သော နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုစီမံကိန်းများသည် ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် စတင်ဆောင်ရွက်ခဲ့သော အိမ်ရာ၊ ဟိုတယ်နှင့် အပန်းဖြေရိပ်သာ စီမံကိန်းများဖြစ်ပြီး ပါဝင် ရင်းနှီးမြှုပ်နှံသည့် အကျိုးတူလုပ်ငန်းရှင်အဖြစ်မဟုတ်ဘဲ မြေငှား ရမ်းသည့် မြေရှင်သာဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအိမ်ရာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံသူများထံမှ ထပ်ဆင့်ငှားရမ်းသည့် လုပ်ငန်းရှင် အချို့သည် လိမ်လည်လှည့်ဖျားခြင်း၊ လူကုန်ကူးခြင်း စသည့်အလုပ်များကို လုပ်ကိုင်ကြသည့် အတွက် အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းလက်တွဲကာ တိုက်ဖျက်နှိမ်နှင်းလျက်ရှိကြောင်း၊ လူကုန်ကူးခြင်း၊ မသမာမှုပြုခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ကလေးလုပ်သားအသုံးပြုခြင်း၊ လိမ်လည် လှည့်ဖျားခြင်း၊ မူးယစ်ဆေးဝါးရောင်းချသုံးစွဲခြင်းတို့ကိုလည်း ဖော်ထုတ်အရေးယူ၍ မသမာလုပ်ငန်းများကို ပိတ်သိမ်းစေကာ သက်ဆိုင်ရာသို့ အပ်နှံအရေးယူလျက်ရှိကြောင်းသည်ဟု BGF က ဆိုသည်။
လူကုန်ကူးခံရသည့်ဖြစ်စဉ်များတွင် ၂၀၂၃ ခုနှစ်မှ ယနေ့အထိ လူကုန်ကူးခံရသူပေါင်း ၂၀၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံအလိုက် ဆက်သွယ်ကာ နေရပ်ပြန်ပို့ရန် ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံက ယမန်နေ့မှစတင်၍ မြ၀တီ၊ တာချီလိတ်နှင့် ဘုရားသုံးဆူမြို့များသို့ လျှပ်စစ်မီးဖြတ်တောက်ခြင်းနှင့် လောင်စာတင်ပို့မှုများကို စတင်ဖြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။
စစ်အုပ်စုအား ကာလရှည်ထောက်ပံ့နေသည့် စင်္ကာပူကုမ္ပဏီ Interra Resources ကိုကြိုးကိုင်နေသူများ
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
စစ်ကောင်စီအနေဖြင့် ၂၀၂၁ အကြမ်းဖက်စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း လောင်စာဆီလက်လှမ်းမှီရရှိသုံးစွဲရန် အခက်ခဲဆုံးကာလသို့ ရောက်ရှိနေကြောင်းနှင့် ယင်းအခက်အခဲကို တစိတ်တပိုင်း ဖြေရှင်းရန်အတွက် ပြည်တွင်းလောင်စာဆီချက်လုပ်သုံးစွဲခြင်းသည် ၄င်းတို့အတွက် အရေးပါသည့် လုပ်ငန်းစဥ်ဖြစ်လာပြီး အဆိုပါလောင်စာဆီထောက်ပံ့ရေးကွင်းဆက်အား စင်္ကာပူကုမ္ပဏီ Interra Resources က ၄င်း၏မြန်မာဖက်စပ်ကုမ္ပဏီ Goldpetrol မှတဆင့် ထောက်ပံ့ကူညီနေကြောင်း Justice for Myanmar (JFM) က အစီရင်ခံစာထုတ်ပြန်ပြောဆိုလိုက်သည်။
Interra Resources သည် အင်ဒိုနီးရှားနိုင်ငံ ဝန်ကြီးဟောင်းနှင့် တရုတ်နိုင်ငံပိုင် စစ်လက်နက်လုပ်ငန်းစုကြီးတစ်ခုအပါအဝင် ရှယ်ယာရှင်များစွာပါဝင်သည့် နိုင်ငံရေးအရ ပတ်သက်ဆက်နွှယ်မှုရှိသည့် ကုမ္ပဏီဖြစ်သည်။
Interra Resources ကုမ္ပဏီကို Marcel Han Liong Tjia ဆိုသူက နှစ်ကာလအတော်ကြာဦးဆောင်ခဲ့ပြီး၊ ၎င်းသည် ကုမ္ပဏီ၏ စီအီးအိုနှင့် အမှုဆောင်ဒါရိုက်တာအဖြစ် ၂၀၂၃ ခုနှစ်အထိ ၁၅ နှစ်ကြာ တာဝန်ယူခဲ့သည်။ ၎င်းသည် Goldpetrol နှင့် Goldwater ကုမ္ပဏီအပါအဝင် Interra Resources ကုမ္ပဏီခွဲများနှင့် ဖက်စပ်လုပ်ငန်းများ၏ ဘုတ်အဖွဲ့များတွင်လည်း ပါဝင်နေပြီး Interra Resources သည် Goldwater ကုမ္ပဏီမှတဆင့် Goldpetrol အား ပိုင်ဆိုင်ထိန်းချူပ်ထားသည်ဟု JFM က ၄င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Tija သည် ခန့်မှန်းအမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ ကြွယ်ဝချမ်းသာသည့် အင်ဒိုနီးရှားနိုင်ငံ အချမ်းသာဆုံး သူဌေးတစ်ဦးဖြစ်သူ Edwin Soeryadjaya နှင့် ဝမ်းကွဲညီအစ်ကို တော်စပ်သူ ဖြစ်ပြီး Soeryadjaya သည် ၂၀၂၃ခုနှစ်အထိ Interra Resources ၏ အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားကာ ကုမ္ပဏီ၏ ဘုတ်အဖွဲ့ ဥက္ကဌနှင့် ထိပ်ပိုင်းရင်းနှီးမြှုပ်နှံသူတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်ဟု JFM ကဆိုသည်။ ယင်းရှယ်ယာများကို Soeryadjaya ၏ ဦးပိုင်ကုမ္ပဏီ PT Saratoga Investama Sedaya Tbk မှတဆင့် ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
Saratoga ကုမ္ပဏီကို ချမ်းသာကြွယ်ဝသော ဂျာကာတာဒုတိယမြို့တော်ဝန်ဟောင်း၊ ခရီးသွားလာရေးနှင့် ဆန်းသစ်ဖန်တီးမှုစီးပွားရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်သူ အင်ဒိုနီးရှားနိုင်ငံရေးသမား Sandiaga Salahuddin Uno ဆိုသူကလည်း တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ပြီး၊ ၄င်းသည်ယခင်က Interra Resources ကုမ္ပဏီ၏ ဒုတိယဥက္ကဌအဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာ တာဝန်ယူခဲ့သူဖြစ်သည်။
Saratoga သည် ၂၀၂၃ ခုနှစ်တွင် ၎င်း၏ ရှယ်ယာများအားလုံးကို Soeryadjaya ၏ ကာလရှည်စီးပွားရေးမိတ်ဖက်နောက်တစ်ဦးဖြစ်သူ စင်ကာပူရှေ့နေ Ng Soon Kai ထံ ရောင်းချခဲ့သည်။ ထိုရောင်းချမှုမှတဆင့် Ng Soon Kai သည် စင်ကာပူဒေါ်လာ ၅ သန်း(အမေရိကန်ဒေါ်လာ ၃.၇ သန်း) တန်ဖိုးရှိ Interra ၏ ရှယ်ယာငါးပုံတစ်ပုံကို ဝယ်ယူခဲ့ပြီး၊ ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုး ၂၇ ရာခိုင်နှုန်းနီးပါးဖြင့် ထိပ်တန်းရှယ်ယာရှင်တစ်ဦး ဖြစ်လာခဲ့သည်။
Uno နှင့် Soeryadjaya တို့သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ Interra Resouces တွင် အနည်းစုရှယ်ယာရှင်များအဖြစ် ဆက်လက်ရှိနေခဲ့ပြီး၊ အထက်ပါအကြောင်းအရာများနှင့် ပတ်သက်သည့် Jutice For Myanmar ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားခြင်း မရှိခဲ့ကြောင်း JFM ကထုတ်ပြန်သည်။
ထို့အပြင် China ZhenHua Oil Co. Ltd ၏ ကုမ္ပဏီခွဲ North Petroleum International Co.,Ltd. သည် အနည်းဆုံးအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ Interra Resources တွင် အဓိကရှယ်ယာရှင်တစ်ဦး ဖြစ်ခဲ့သည်ဟု ရှယ်ယာရှင်အချက်အလက်များအရ သိရသည်။ North Petroleum International Co. Ltd. သည် Goldpetrol တွင်လည်း ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။
China ZhenHua Oil Co. Ltd ကုမ္ပဏီသည် China North Industries Group (NORINCO) ၏ ကုမ္ပဏီခွဲဖြစ်ပြီး NORINCO အား တရုတ်အစိုးရက အပြည့်အဝ ပိုင်ဆိုင်သည်။ NORINCO သည် မြန်မာစစ်အုပ်စု၏ အဓိက စစ်လက်နက်ရောင်းချသူ ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ စစ်အုပ်စု၏ စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ကြေးနီစီမံကိန်းများ လုပ်ကိုင်နေသည်ဟု Justice for Myanmar ကဖော်ပြသည်။
Interra Resources ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကုမ္ပဏီအနေဖြင့် NORINCO နှင့် စီးပွားရေး ပတ်သက်ဆက်နွှယ်မှုမရှိကြောင်း ပြောကြားခဲ့သည်။
Interra Resouces ၏ လက်ရှိ ဒုတိယအကြီးဆုံး ရှယ်ယာရှင်သည် Yang Peilin ဆိုသူပိုင်ဆိုင်သည့် ဟောင်ကောင်မှတ်ပုံတင် ပုဂ္ဂလိကကုမ္ပဏီ Poly Legend International Limited ဖြစ်ပြီး၊ ၅.၇ ရာခိုင်နှုန်းခန့်ပိုင်ဆိုင်သည်။ Yang Peilin သည် China ZhenHua Oil နှင့်လည်း ဆက်နွှယ်မှုများ ရှိနေသည်။ ၎င်းသည် တရုတ်လူသုံးကုန် ကုန်သွယ်ရေးကုမ္ပဏီ Heilongjiang United Oil & Chemicals Co., Ltd.
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား လူငယ်များကို စစ်မှုထမ်းရန်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးထား
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား လူငယ်အမျိုးသား များကို စစ်မှု ထမ်း ရန်ဟုဆိုကာ စစ်တပ်က ဖမ်း ဆီး ထားကြောင်း ဖမ်းဆီးခံရသည့် လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၂ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ စည်ပင်အေးကျေးရွာနေ ဦးမင်းသောင် ၏ သားဖြစ်သူ မောင်ကျော်ဇင်သက်နှင့် ဦးဌေးလွင်၏ သားဖြစ်သူ မောင်ရဲမင်းအောင် အပါအဝင် လူ ၅ ဦးသည် ပရိုဘောက်ကား 9E/2970 ဖြင့် ပဲခူးမင်္ဂလာ ဆောင်မှ ပြန်လာခဲ့ကြောင်း၊ ထိုသို့ ပြန်လာစဉ် ရန်ကုန်-မန္တလေး အမြန်လမ်း၊ အုတ်တွင်းမြို့စစ် ဆေးရေးဂိတ်တွင် စစ်တပ်က အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံး ဝင်သည်ဟုဆိုကာ မောင်ကျော်ဇင်သက်နှင့် မောင်ရဲမင်းအောင်တို့ ၂ ဦးကို စစ်မှုထမ်းတပ်သား အဖြစ် စုဆောင်းဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
"ပဲခူးမှာ မင်္ဂလာဆောင်သွားပြီး ပြန်လာတာ။ ကားနဲ့သွားတာ လူ ၅ ဦး။ မောင်လေး ကျော်ဇင်သက်နဲ့ ရဲမင်းအောင်က စစ်မှုထမ်းရမယ့် အသက်အရွယ်ထဲဝင်နေတဲ့ လူငယ်တွေ။ အဲဒါ ရန်ကုန်-မန္တလေးအမြန်လမ်း အုတ်တွင်းဂိတ်မှာ အဖမ်းခံရတာ။ မှတ်ပုံ တင်စစ်ပြီး အသက်မီတယ်ဆိုပြီး ဖမ်းထားလိုက်တာ။ အခု လိုက်မေးတာလည်း ဘာမှ မတုံ့ပြန်ဘူး။ ရဲစခန်းကိုမေးတော့လည်း သူတို့နဲ့မဆိုင်ဘူး တပ်က လုပ်တာလို့ ပြောတယ်။ ဘယ်မှာ ဖမ်းထားလို့ ဖမ်းထားမှန်းလဲမသိရသေးဘူး" ဟု ဖမ်းဆီးခံရသူ၏ ဆွေမျိုးတစ်ဦးက ပြောဆိုသည်။
ယင်သို့ စစ်မှုထမ်းရန်ဟုဆိုကာ လမ်းတွင် ဖမ်းဆီးမှုအတွက် မောင်ကျော်ဇင်သက်နှင့် မောင်ရဲမင်းအောင်တို့၏ မိဘများက သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များထံသို့ တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အကြောင်းမထူးကြောင်း၊ ဖမ်းဆီးခံရသူ လူငယ် ၂ ဦးလုံးသည် ကျေးရွာတွင် မိဘနှင့်အတူ နေထိုင်ပြီး စိုက်ပျိုးရေး လုပ်ကိုင်ကြသူများဖြစ်ကြောင်း၊ ပြစ်မှု တစ်စုံ တစ်ရာ ကျူးလွန်ခြင်းမရှိကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယင်းကဲ့သို့ လူငယ်များကို စစ်မှုထမ်းရန် ခေါ်ဆောင် ဖမ်းဆီးမှုများ ဖြစ်ပေါ်လျက်ရှိရာ ဖေဖော်ဝါရီလဆန်းပိုင်း နေပြည်တော်အဝင် စစ်ဆေးရေးဂိတ်တွင် ပျက်စီးနေသော မှတ်ပုံတင်ကို အသစ်လဲလှယ်ခြင်းမပြုဘဲ ကိုင်ဆောင်သည်ဟုဆိုကာ ဆယ်ကျော်သက် လူငယ် ၁ ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးခဲ့သေးကြောင်း သိရှိရသည်။
ဓာတ်ပုံ - ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်တပ်က စစ်ဆေးမှုများ လုပ် ဆောင် နေစဉ်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၇ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၂၆
မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလ ၂၆ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၇ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
ဆားတောင်မြို့အတွင်း ကင်းပတ်နေသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
ရန်ကုန်၊ ဇန်နဝါရီ ၂၆
စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့အတွင်း ကင်းပတ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Royal Falcon Guerilla Force(Sadaung Falcon) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဆားတောင်မြို့ ရဲစခန်း နှင့် ဆားတောင်မြို့ အထက်တန်းကျောင်းအတွင်း အထိုင်ချနေသော ညောင်ငုတ်တို့ ပျူစောထီးရွာမှ ပျူစောထီးများ ပူးပေါင်း၍ ဆားတောင်မြို့ အတွင်း ကင်းပတ်၍ ကားများကို ဖမ်းဆီး စစ်ဆေးနေစဥ် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသောကြောင့် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
"ဘယ်သူတွေ ဘယ်လောက်ပဲ အောက်တန်းကြနေပါစေ ဘယ်သူတွေ ဘယ်လောက်ပဲ တော်လှန်ရေးပေါ်မှာ မလိမ့်တပတ် အလွဲသုံးစားလုပ်နေပါစေ ကျွန်တော်တို့ လူငယ်တွေအကောင်းဆုံး ကြိုးစားသွားမယ် အဲတော့ ကျွန်တော်တို့ ဘယ်သူတွေ မဟုတ်တာလုပ်လုပ် ကျွန်တော်တို့ ဘယ်တော့မှ မဟုတ်တာမလုပ်ဘူး။ တော်လှန်ရေးကို သစ္စာရှိမယ်။ အကောင်းဆုံး ကျွန်တော်တို့တွေ အာဏရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်သွားမယ်။ ပြည်သူတွေပေါ်မှာ သစ္စာစောင့်သိသွားပါမယ်။ ဘယ်သူတွေ ဘယ်လိုပဲ လုပ်စားနေပါစေ ကျွန်တော်တို့ မိုးခါးရေမသောက်ပါဘူး။ ကျွန်တော်တို့ ရဲဘော်တိုင်းရဲ့ အိမ်မက်က ဒီတော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ချင်တာပါဘဲ။ ဒီလိုအောင်မြင်ဖို့အတွက် လိုအပ်တာတွေ ပြောပြနေစရာမလိုအောင် ပြည်သူတိုင်းသိပါတယ်။ အခုလည်း မြေပြင် ဝေဟင် အောင်ပွဲဆင်နိုင်ဖို့ လိုအပ်နေတဲ့ Drone Project မှာပါဝင်ပေးကြဖို့အတွက် ကျွန်တော်တို့ အဖွဲ့ကနေ အကူညီတောင်းခံအပ်ပါတယ်။ပါဝင်ကူညီပေးကြပါဦး" ဟု Royal Falcon Guerilla Force(Sadaung Falcon) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Royal Falcon Guerilla Force(Sadaung Falcon) ၊ Phoenix -Sagaing ၊ Unicorn Guerrilla Force နှင့် စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများ ထွက်လာချိန်တွင် အနီးဆုံးနေရာများတွင် မနေရန်မေတ္တာ ရပ်ခံအပ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက အသိပေးထားသည်။
ယင်းမာပင်မြို့နယ်တွင် သပိတ်စစ်ကြောင်း ၂ခု ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ဇန်နဝါရီ ၂၆
ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းနှင့် ယင်းမာပင်ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီတို့က ပူးပေါင်းကာ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ဆန္ဒပြချီတက်ခဲ့ကြကြောင်း သိရှိရသည်။
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၂ နေရာကို ထမင်းတစ်နပ်လှူဒါန်း
ရန်ကုန်၊ဇန်နဝါရီ ၂၆
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၂ နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။
ဆားလင်းကြီး အခြေစိုက် ချင်းတွင်း ကာကွယ်ရေးအထူး တပ်ဖွဲ့ (CDF)က အခြေခံစစ်ပညာနှင့် မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး အခြေစိုက် ချင်းတွင်းကာကွယ်ရေးအထူး တပ်ဖွဲ့ (CDF) က အခြေခံစစ်ပညာနှင့် မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း Local PDF ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ သင်တန်းဆင်းပွဲပို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး သင်တန်း ကာလ ၃ လ နီးပါးကြာမြင့်ခဲ့ကြောင်း၊ သင်တန်းသား အရေအတွက် ၃၅ ဦး ရှိပြီး ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ (CDF) ရဲဘော်များက စစ်အာဏာရှင်စနစ် ကျရှုံးသည်အထိ တိုက်ပွဲဝင်သွားပါမည်ဟု ပြည်သူများကို ဂတိသစ္စာပြုခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးထက်မနည်း သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၅
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Chauk Guerrilla Force – C.G.F တာဝန်ခံ Ko Paing က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ချောက်မြို့နယ်၊ ကုန်းကြီးရွာ ပျူစောထီစခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ထိန်းစမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကျေးရွာအတွင်း ဝင်ရောက်လာစဉ် စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၆ ဦးထက်မနည်း သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ အထိနာသော အကြမ်းဖက်စစ်သားများသည် ကျေးရွာနေ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရွာသား ၁ ဦး ဖမ်းဆီးကာ နံနက် ၁၀ နာရီခန့်တွင် ကုန်းကြီးရွာ ပျူစောထီးစခန်းကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
“တိုက်ခဲ့တာကတော့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခဲ့တာများတယ်၊ လက်နက်ငယ်က နည်း နည်းလောက်ပဲ သုံးခဲ့ရတာ၊ ထိခိုက်ဒဏ်ရာရတဲ့ စခတွေများကို ကုန်ကြီးကနေ ကားနဲ့ပို့တာရော၊ ချောက်ကနေ လူနာတင်ကားနဲ့လာခေါ်လာရောရှိတယ်လို့ သိရတယ်။ သေတာကနတော့ အနည်းဆုံး ၆ ဦးထက်မနည်းရှိတယ်။ ရွာသား ၂ ဦးဆိုရင် ခေါင်းတွေချည့်တေ့ပြီး ပစ်သတ်ခဲ့တာ။ စစ်ကြောင်း ထွက်သွားပြီးတော့ အလောင်းတွေကောက်ယူပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးပြီးပါပြီ” ဟု Chauk Guerrilla Force – C.G.F တာဝန်ခံ Ko Paing က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force ( C.G.F) ၊ ချောက်မြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ချောက် ပကဖ ) ၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့နှင့်ချောက် မြို့နယ် တော်လှန်ရေး တပ်ပေါင်းစုများက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ကရင်၊ ပဲခူးနှင့် မွန် ပြည်နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ
ရန်ကုန်၊ ဇန်နဝါရီ ၁၅
ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း KNU ၏ ဒူးပလာယာခရိုင် ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးက ပြောဆိုသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ်က မောင်းမကျေးရွာအုပ်စုရှိ ကမိုင်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ အသက် ၂၇ နှစ်အရွယ် စောသားသားသည် ခန္ဓာကိုယ်တစ်ခုလုံး ထိမှန်ပြီး မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး အသက် ၅၇ နှစ် အရွယ်ရှိ စောပလုံးချီ (ခေါ်) ဦးမောင်အောင်မြင့်သည် ပြင်းထန် ဒဏ်ရာဖြင့် ဆေးရုံသို့ရောက်ရှိစဥ် သေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်လျှက်ရှိကြောင်း ဒူးပလာယာခရိုင် - ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးကပြောဆိုသည်။
ပဲခူးတိုင်း ခလယ်လွီထူခရိုင် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း KNU ဗဟိုကပြောဆိုသည်။
ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လယ်ဒိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ကျောက်စရစ် ကျေးရွာအနီးကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းနေ့ ည ၆ နာရီ ၄၃ မိနစ်ခန့်တွင် ၁၂၀ မမ လက်နက်ကြီး ၄ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ကျောက်စရစ်ကျေးရွာ စာသင်ကျောင်းအနီးနှင့် အင်တိုင်းကုန်းကျေးရွာအနီးကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
မူးမြို့နယ်၌ ဇန်နဝါရီ ၇ ရက်နေ့တွင် သပြေညွှန့်စခန်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများက ကမူလိုကျေးရွာနေ အသက် ၃၅ နှစ်အရွယ် စောမောင်ချိုကို သပြေညွှန့်ကျေးရွာတွင် ဖမ်းဆီးကာ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ပဲခူးတိုင်း နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဆီဆုံကုန်းရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အလားတူ မွန်ပြည်နယ်၊ ဒူးသထူခရိုင်အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၂ လုံး ရမ်းသမ်း ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ဌက်ပျောတောရွာ ထီးညအိုးပိုင်းရွာ အတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး ဌက်ပျောတောရွာ ထီးညအိုးပိုင်းနေ ဦးအောင်စိုးနေအိမ်ကို လက်နက်ကြီးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး နေအိမ် အသုံးအဆောင်ပစ္စည်းများ၊ ငွေကျပ် ၆၅ သိန်း နှင့် ရွှေ ၇ ပဲ မီးလောင်ပျက်စီးခဲ့ပြီး နော်အေး ၏ ဘယ်မေးရိုးကိုလည်း လက်နက်ကြီး ကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ဇန်နဝါရီ ၁၅
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ဇန်နဝါရီလ ၁၅ရက်နေ့တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။
ယင်းမာပင်မြို့နယ်တွင် သပိတ်စစ်ကြောင်း ၂ ခုပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ဇန်နဝါရီ ၁၅
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းသည် ယင်းမာပင်၊ဆားလင်းကြီးရွာပေါင်းစုံသပိတ်စစ်ကြောင်းနှင့်အတူ ဇန်နဝါရီလ ၁၅ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။
လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက လူထုသပိတ်လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ဇန်နဝါရီ ၁၅
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသတွင် လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက “၂ဝ၂၅ နှစ်သစ်မှာ စစ်အာဏာရှင်နိဂုံးချုပ်ဖို့ လူထုစွမ်းအားနဲ့ တိုက်ဖျက်စို့” ခေါင်းစဥ်နှင့် လူထုသပိတ်လှုပ်ရှားမှုကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျိုက်ထိုရှိ စစ်တပ်၏ လက်ပံပင် သုဿန်ဂိတ်နှင့် ချောက်တွင် စစ်တပ် စစ်ကြောင်း တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လက်ပံပင် သုဿန်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း KYAIKHTO REVOLUTION FORCE (KRF) က ပြောဆိုသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၇ မိနစ်ခန့်တွင် လက်ပံပင် သုဿန်ဂိတ်ကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) ၊ KNU/KNLA နှင့် PDF (၇၈၀၅)တပ်ရင်း ပူးပေါင်းအဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းအဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
KYAIKHTO REVOLUTION FORCE (KRF) အနေဖြင့် အကြမ်းဖက် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထု အပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများကို ပြုလုပ်မည်မဟုတ်ကြောင်း အသိပေး ပြောဆိုထားသည်။
ထို့ပြင် မကွေးတိုင်း၊ ချောက်မြို့နယ်တွင် ကတောက်ချောင်း ကျေးရွာအနီးတွင် ကုန်းကြီးပျူစောထီးရွာကို ရောက်ရှိလာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chauk Guerrilla Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ချောက်မြို့နယ်၊ ကတောက်ချောင်း ကျေးရွာအနီးတွင် ကုန်းကြီးပျူစောထီးရွာကို အကြမ်းဖက် စစ်တပ် နှင့် ပျူစောထီးများ ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"တိကျသေချာတဲ့ စစ်ခွေး ထိခိုက်မှုကို ပြန်ပြောပေးပါ့မယ်။ ဘယ်လိုအခြေနေမျိုးမှာ မဆို စစ်ကောင်စီရဲ့ လှုပ်ရှားမှုတိုင်းကို ထိရောက်စွာ တိုက်ခိုက်သွားမည် ဖြစ်ကြောင်းနဲ့ ပြည်သူများအနေနဲ့ စစ်ကောင်စီ တပ်တွေနဲ့ ဝေးဝေးက ရှောင်နေကြဖို့ ပြောချင်ပါတယ်"ဟု Chauk Guerrilla Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force C.G.F ( ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့)နှင့် ချောက် မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ အာဠာဝက မြို့ပြ ပျောက်ကျားတပ်ဖွဲ့ ၊ Kyaukpadaung Special Defense Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
Photo - အကြမ်းဖက် စစ်တပ်၏ လက်ပံပင် သုဿန်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေစဉ်
နောင်ချိုမြို့နယ်၊ သပြေရေတောင်ဘုရားကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ဘုရားနှင့်ကျောင်းဆောင်များပျက်စီးပြီး လူထိခိုက်မှုမရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA က သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်၊ သပြေရေတောင်ဘုရားကို စစ်တပ်က ယနေ့နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု ဘုရားနှင့်ကျောင်းဆောင်များ ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် နောင်ချိုမြို့၊ သပြေရေတောင်ဘုရားကို စစ်ကောင်စီက ဂျက်
လေယာဉ်ဖြင့် ဗုံးကျဲခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဗုံးကျဲမှုကြောင့် ကျောင်းဆောင်နှင့် စေတီ ထိခိုက်ပျက်စီးမှုများရှိကြောင်း၊ အဆိုပါ နေရာမှာ သာသနိက နေရာသာဖြစ်ပြီး TNLA တပ်များ တပ်စွဲမှု မရှိကြောင်း သိရှိရသည်။
"အဲဒီနေရာက ဘုရားနဲ့ ကျောင်းဆောင်တွေပဲရှိတာ။ သာသနာ့နယ်မြေပါ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့ အကြမ်းဖက်စစ်တပ်က နောင်ချိုမြို့ အထွေထွေအုပ်ချုပ်ရေးရုံးကို ဂျက်ဖိုက်တာနှင့် ပေါင် ၃၀၀ ဗုံး ၂ လုံးကျဲချခဲ့ရာ အဆိုပါ ဗုံးကျဲချမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကာ အသက် ၁၇ နှစ်အရွယ် အမျိုး သမီး ၁ ဦး၊ အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဇန်နဝါရီလ ၂၁ ရက်နေ့ နောင်ချိုမြို့ အနောက်တောင်ဘက် ၂၀ ကီလိုမီတာ အကွာတွင် ရှိသည့် တော်လှန်ရေးတပ် များထိန်းချုပ်ထားသည့် ကုန်းကြီးရွာမကျေးရွာကိုလည်း အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံး ၁ လုံးကျဲခဲ့သဖြင့် နေအိမ်၂လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန် နောင်ချိုမြို့ ဈေးရပ်ကွက်ကို ဂျက်ဖိုက်တာ လေယာဉ် ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကျဲချခဲ့ရာ ပါရမီလက်ဖက်ရည်ဆိုင်နှင့် နေအိမ်၂လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ နောင်ချို မြို့မှ လက်ဖက်ရည်ဆိုင်အပေါ် ဗုံးကျဲမှုကြောင့် ပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်၊ ဝန် ထမ်းနှင့် လက်ဖက် ရည်သောက်နေသော ဧည့်သည်များဖြစ်ကာ ၇ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အခြား ၂ ဦးမှာမူ ဆေးရုံ သို့ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။
(HUOC) တွင် ဥက္ကဌအဖြစ် ဆောင်ရွက်နေပြီး ၂၀၁၅-၁၆ ခုနှစ်အတွင်း HUOC သည် China ZhenHua Oil နှင့် မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
Interra Resources ၏ မြန်မာစီးပွားရေးလုပ်ငန်းပိုင်ဆိုင်မှုဖွဲ့စည်းပုံသည် စစ်အုပ်စုနှင့် Goldpetrol ၏ လုပ်ငန်းပတ်သက်မှုအတွင်း ဗဟားမက်စ် နှင့် ဗြိတိသျှဗာဂျင်ကျွန်းစုများနှင့်လည်း ဆက်နွှယ်နေသည်။ Goldpetrol သည် ဗဟားမက်စ်တွင် မှတ်ပုံတင်ထားပြီး၊ မြန်မာကုမ္ပဏီကို ရုံးခွဲတစ်ခုအဖြစ် ဖွင့်လှစ်ထားသည်။ Goldpetrol ရှိ Interra Resouces ၏ ရင်းနှီးမြှုပ်နှံမှုများကို ယူကေနိုင်ငံရပ်ခြားပိုင်းနက်နယ်မြေဖြစ်သည့် ဗြိတိသျှဗာဂျင်ကျွန်းစုများရှိ ၎င်းတို့၏ ဦးပိုင်ကုမ္ပဏီ Goldwater Company Limited မှတဆင့် ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
NORINCO နှင့် Yang Peilin တို့သည် Justice For Myanmar ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ကြောင်း JFM ကဆိုသည်။
စင်္ကာပူကုမ္ပဏီ Interra Resources အနေဖြင့် စစ်အုပ်စုထံ ရေနံများ ရောင်းချထောက်ပံ့နေမှုကို ချက်ချင်းရပ်တန့်ရန် Justice For Myanmar က တောင်းဆိုလိုက်ပြီး MOGE နှင့် စီးပွားရေး ဆက်လက်လုပ်ဆောင်မှု၊ ရေနံဆီရောင်းချ ထောက်ပံ့မှုမှတဆင့် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သတ်မှုများအတွက် Interra Resources အား စည်းမျဉ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်သင့်ကြောင်းကိုလည်း စင်ကာပူစတော့အိတ်ချိန်းအား တောင်းဆိုထားသည်။
ထိုင်းနိုင်ငံတွင်းသို့ ပြောင်းဖူးတင် ထရပ်ကားအတွင်း ပုန်းအောင်းလိုက်ပါလာသော မြန်မာနိုင်ငံသား ၈ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီး (ရုပ်/သံ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ထိုင်းနိုင်ငံတွင်းသို့ ပြောင်းဖူးတင် ထရပ်ကားအတွင်း ပုန်းအောင်းလိုက်ပါလာသော မြန်မာနိုင်ငံသား ၈ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ထိုင်းစံတော်ချိန် နံနက် ၁ နာရီအချိန် ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်အတွင်းရှိ စစ်ဆေးရေးဂိတ်တွင် ရိတ်သိမ်းပြီး ပြောင်းဖူးစေ့များ တင်ဆောင်ထားသောထရပ်ကားပေါ်တွင် ပုန်းအောင်လိုက်ပါသော မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ထရပ်ကား ယာဉ်မောင်း ထိုင်းနိုင်ငံသားနှင့်အတူ ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသား ၈ ဦးလုံးကို ထိုင်းနိုင်ငံသို့ တရား မဝင် ခိုးဝင်မှုဖြင့် မဲဆောက်ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ဘောလခဲ၊ ချိကွဲ့ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီး၊ မြိုင်တွင် စစ်တပ်က သနပ်ပင်ဇင်းရွာကို ပစ်ခတ်မီးရှို့မှု နေအိမ် ၃၀ လုံးပြာကျပြီး ပြည်သူ ၁ ဦး ကျည်ထိမှန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ ချိကွဲ့ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုး သမီး ၁ ဦး သေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း Bawlakhe PDF ကပြောဆိုသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံးဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံး ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီ၏ နေ့စဥ်နှင့် အမျှ လေ ကြောင်းတိုက်ခိုက်မှုကို ကြိုတင်ကာကွယ်ရန်နှင့် စစ်ရေး အသိ၊ စစ်ရေး သတိရှိကြရန် Bawlakhe PDF က သတိပေးသည်။
ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က သနပ်ပင်ဇင်းရွာကို မီးရှို့ခြင်းကြောင့် နေအိမ် ၃၀ လုံးပြာကျခဲ့ပြီး စစ်ဘေးရှောင် ပြည်သူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုကြောင့် အမျိုးသမီး သမီး ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မြိုင်မြို့၊ စက်မှု ၂ ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သနပ်ပင်ဇင်းရွာကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၃၀ လုံးပြာကျခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝါးရင်းချိုင်ရွာ တောတိုက်တွင် နေထိုင်သော စစ်ဘေးရှောင်ပြည်သူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးခြင်းကြောင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန်ပြီး ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
"သနပ်ပင်ဇင်းရွာကိုတော့ စစ်ခွေးတွေ မီးရှို့ဖျက်ဆီးတာ နေအိမ် ၃၀ လုံးထက်မနည်း ပြာကျသွားတယ်လို့ သိရတယ်။ စစ်ခွေးစစ်ကြောင်းတွေက အဲရွာပတ်ပတ်လည်မှာပဲရှိသေးတော့ ရွာထဲက အခြေအနေကို အတည်ပြုနိုင်ဖို့ ခက်နေပါတယ်။ဝါးရင်းချိုင်ရွာ တောတိုက်ကို လည်း စစ်ခွေးတွေက ဝင်ပစ်လို့ စစ်ဘေးရှောင် အမျိုးသမီး ၁ ဦး လက်ကို ကျည်ထိသွားတယ်။ ဒဏ်ရာအခြေအနေပြင်းထန်တယ်။ လက်က ပြတ်တော့မယ့် အခြေအနေပဲ ဆေးကုသမှု ခံယူနေပြီး ဆက်လက် စောင့်ကြည့်နေရတယ်" ဟု ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက ပြောဆိုသည်။
ချောင်းဦးမြို့နယ် လမ်းပိုင်း တစ်နေရာတွင် စစ်ကိုင်း တပ်မ ၃၃ မှ ထွက်လာသော သံပြားကာ ကား ၆ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
ရန်ကုန်၊ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် လမ်းပိုင်းတစ်နေရာတွင် စစ်ကိုင်း တပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ သံပြားကာ ကား ၆ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ကား ၁ စီး ထိမှန်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ချောင်းဦးမြို့နယ် လမ်းပိုင်းတစ်နေရာ၌ စစ်ကိုင်း တပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ သံပြာကာ ကား ၆ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဒုတိယ အစီး ပဒေသာ မိုင်း ၂ လုံး ထိမှန်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
"စစ်ခွေးတွေ ထိခိုက်မှုတော့ရှိနိုင်ပေမယ့် အရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စစ်ခွေးကားတွေကို မိုင်းဆွဲတာ ဒုတိယ အစီးကိုတော့ ပဒေသမိုင်း ၂ လုံး ထိမှန်ခဲ့ပါတယ်" ဟု BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
မုံရွာမြို့နယ်၊ တောပု ပျူစောထီးရွာမှ ညောင်ဖြူပင် စစ်စခန်းကို ရိက္ခာလာပို့သည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ရိက္ခာပစ္စည်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပု ပျူစောထီးရွာမှ ညောင်ဖြူပင် စစ်စခန်းကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး ရိက္ခာပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Burma Liberation Democratic Front - BLDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာမှ ညောင်ဖြူပင် စစ်စခန်းကို ရိက္ခာလာပို့သော စစ်ကြောင်းကို လမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရိက္ခာထုပ်များကို ပစ်ချထားခဲ့ပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေး သွားသောကြောင့် ဆန်အိတ်ပိုင်း ၁၃ ပိုင်း ၊ ဆီ တစ်ပုံး ၊ ကြက်သွန်ဖြူ နီ ၅ပိဿာ ခန့် ၊ ငါးခြောက် ၅ ပိဿာခန့်၊ ကော်ဖီထုတ်ကြီး ၇ ထုတ်၊ အရက် ဘီယာ များ ၊ ဆေးလိပ် ၁၀ စည်း၊ ကုလားပဲဆန်၊ ငပိ၊ ဆေးဝါးမျိူးစုံ၊ ကွမ်းသီးကွမ်းရွက်၊ အလှကုန်၊ ပဲလှော်၊ ဆပ်ပြာ၊ လဘက်ခြောက်၊ ဆား ၅ပိဿာနှင့် မုန့်မျိူးစုံ၊ ခရမ်းသီး ခရမ်းချဥ်သီး ငှက်ပျောသီးများနှင့် အသင့်စား အစားစာများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)နှင့်အတူ မုံရွာခရိုင်တပ်ရင်း (၂၃)၊ မုံရွာခရိုင်တပ်ရင်း (၂၅)၊ မုံရွာခရိုင်တပ်ရင်း (၂၈) ၊ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့၂၊ Special Force 11၊ Importal Gurella Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၂၆
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ဇန်နဝါရီလ ၂၆ရက်နေ့တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။
ငွေဆောင် ကမ်းခြေတွင် စစ်တပ်က ပြည်သူ့စစ်များကို ထောက်ပံ့ရန် ငွေကောက်ခံနေပြီး ခရီးသွားများ မရှိသော်လည်း ဟိုတယ်နှင့် ဈေးဆိုင်များကို ဖိအားပေး ဖွင့်လှစ်ခိုင်း
ရန်ကုန်၊ ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင် ကမ်းခြေတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ့စစ်များကို ထောက်ပံ့ရန် ငွေကောက်နေပြီး ခရီးသွားများ မရှိသော်လည်း ဟိုတယ်နှင့် ဈေးဆိုင်များကို ဖိအားပေး ဖွင့်လှစ်ခိုင်းနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့မှ စ၍ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ကမ်းခြေကို ခရီးသွားများ လာရောက်လည်ပတ်မှု နည်းပါးကာ ကမ်းစပ် ဈေးဆိုင်များပါ ဖွင့်လှစ်ခြင်းမရှိသောကြောင့် အကြမ်းဖက် စစ်တပ်က ဟိုတယ်၊ တည်းခိုခန်းနှင့် ဈေးဆိုင်များကို ဖိအားပေးဖွင့်လှစ်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။
ငွေဆောင်မြို့မှ ပြည်သူတစ်ချို့လည်း ရွေ့ပြောင်းမှု ရှိနေပြီး အကြမ်းဖက် စစ်တပ်က ကမ်းခြေ စည်းကမ်း ထိန်းသိမ်းရေးရန်ပုံငွေဟု ခေါင်းစဉ်တပ်၍ ဟိုတည်နှင့် တည်းခိုရိပ်သာများထံမှ တစ်လ ၂ သိန်း ကျပ် လစဉ် ကောက်ခံနေပြီး ပြည်သူ့စစ် ထောက်ပံ့ငွေအဖြစ် သုံးစွဲနေကြောင်း သိရှိရသည်။
ထို့ပြင် ငွေဆောင်ကမ်းခြေကို နှစ်သစ်ကူးနေ့က လာရောက် လည်ပတ်သည့် ခရီးသွား လူငယ်အချို့လည်း နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ယနေ့အချိန်အထိ အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရသည်။
လက်ရှိချိန်တွင် ရွှေသောင်ယံမြို့ အနီး ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပုသိမ်မြို့နယ် အတွင်းရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြင်းကို ဇန်နဝါရီလ ပိုင်းမှစ၍ ခရီးသွားများ လာရောက်ခြင်း မရှိတော့ဘဲ ပြည်သူများလည်း စစ်ဘေးတိမ်းရှောင်မှု ပိုများလာကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများလည်း ပိတ်သိမ်းမှု ပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က ဧရာဝတီတိုင်းအတွင်းရှိ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်မှုများ ပိုမိုလုပ်ဆောင်လာကာ အုပ်ချုပ်ရေးမှူးများကလည်း စစ်တပ်နှင့် ပူးပေါင်း၍ ပေါ်တာဆွဲပေးမှုများ ပိုမိုများပြားလာကြောင်း၊ ထို့ပြင် ပြည်သူ့လုံခြုံရေး အဖွဲ့များလည်း ဖွဲ့စည်းများ ပိုမို လုပ်ဆောင်လာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။
photo credit - သတင်းအထူးတပ်ဖွဲ့ - ပုသိမ်
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၇ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလ ၁၅ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၇ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိ သည်ကို သိစေအပ်ပါသည်။
မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာပို့ရန် ထွက်လာသည့် စစ်ကြောင်းကို အကြိမ်ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၅
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာကို ရိက္ခာပို့ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့ကြောင်း Myaning Supporting Battaion – MSB က ပြောဆိုသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မြိုင်မြို့မှ ကန်နီပျူစောထီးကျေးရွာသို့ ရိက္ခာပို့ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်း နှင့် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက အင်ရောင်းကျေးရွာအနီး အရောက်တွင် မိုင်းဆွဲတိုက်ခိုက်မှု ၁ ကြိမ်၊ ဝက်ခေါင်းကျေးရွာ အနီး အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်မှု ၁ ကြိမ်နှင့် ကျောင်းကုန်းကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲ ၁ ကြိမ် လုပ်ဆောင်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၁၄ ရက်နေ့တွင်လည်း အဆိုပါ ရိက္ခာပို့ ယာဉ်တန်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ကျောင်းကုန်းကျေးရွာ၊ ကန်နီကျေးရွာ၌ တိုက်ပွဲ ၂ ကြိမ် ထပ်မံ ဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး ၁၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကန်နီကျေးရွာအနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထောင်ထားသောမိုင်းကို နင်းမိ၍ စစ်ကောင် တပ်သား ၂ ဦး ပွဲချင်းပြီး ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို Myaing Supporting Battalion - MSB ၏ ထောက်ပို့ခံတပ်ရင်းများဖြစ် သော ပခုက္ကူခရိုင်အမှတ် ၂ ၊ ၆ ၊ ၇ ၊ ၁၄ ၊ ၁၅ ၊ ၁၇ တပ်ရင်းများ နှင့် ရွှေဘိုခရိုင်တပ်ရင်း ၂၅၊ မြိုင် ပ.က.ဖ တပ်ရင်း ၊ Pakokku Earthquake အဖွဲ့၊ အညာမြေတပ်ပေါင်းစုအဖွဲ့၊ ဝံပုလွေပြောက်ကျား တပ်ဖွဲ့၊ ဒေသခံ ပ.က.ဖ နှင့် ပ.အ.ဖများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၂ နေရာကို ထမင်းတစ်နပ်လှူဒါန်း
ရန်ကုန်၊ ဇန်နဝါရီ ၁၅
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၂ နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်ကို သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။
ပုပ္ပား-ဝဲလောင် လမ်းပိုင်းတွင် ပြည်သူများထံမှ ငွေညှစ်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ လိုက်ပါသော နာရေးကားနှင့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ကား ၁ စီး ပျက်စီး
ရန်ကုန်၊ ဇန်နဝါရီ ၁၅
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ်၊ ပုပ္ပား-ဝဲလောင် လမ်းပိုင်းတွင် ပြည်သူများထံမှ ငွေညှစ်ပြီး ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများ လိုက်ပါသော နာရေးကားနှင့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ ကား ၁ စီး ပျက်စီးခဲ့ကြောင်း Popa Production & Guerilla Force - PPGF တပ်ဖွဲ့မှ ရဲဘော်ဗျတ္တက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ပုပ္ပား-ဝဲလောင် လမ်းပိုင်းတွင် ခရီးသွားပြည်သူများထံမှ နေ့စဉ် စစ်ဆေး ငွေညှစ်မှုများ ပြုလုပ်နေပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ လိုက်ပါသော နာရေးကားနှင့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း စစ်ကား ၁ စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု များပြားကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကျန်ရှိနေသော ကားများမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီလ ၅ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်ခန့်ကလည်း ပုပ္ပားတောင်မကြီး ဝန်းကျင်ကို စစ်ကြောင်းထိုးပြီး ပြန်လာသည့် အကြမ်းဖက် စစ်ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ယာဉ်မောင်းနှင့် စစ်သားများ ထိခိုက်မှုရှိကြောင်း သိရသည်။
"စစ်ခွေးတွေ ထိခိုက်သေဆုံးမှုများနိုင်တယ်။ အသေအပျောက်တော့ရှိတယ်။ ကျနော်တို့ စစ်ခွေး သေစာရင်းတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေက လာကတည်းကကို နာရေးကား ၁ စီး ကို ချောဆွဲလာတာ" ဟု Popa Production & Guerilla Force - PPGF တပ်ဖွဲ့မှ ရဲဘော်ဗျတ္တက ပြောဆိုသည်။
Popa Production & Guerilla Force - PPGF တပ်ဖွဲ့သည် စစ်ရေးအရှိန်မြှင့်၍ တိုက်ခိုက်နေသည့် အတွက် ပြည်သူများအနေဖြင့်လည်း မလိုအပ်ဘဲ ခရီးသွားလာမှုများ မပြုလုပ်ကြရန် မေတ္တာရပ်ခံကြောင်း ရဲဘော်ဗျတ္တက ဆက်လက် ပြောဆိုသည်။
ချောက်မြို့နယ်နှင့် တောင်သာမြို့နယ်တို့တွင် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီး ပစ်သတ်ပြီး ရုပ်အလောင်းများ စွန့်ပစ်ခဲ့ကာ ပြည်သူ ၁ ဦးကို ဖမ်းဆီးသွား
ရန်ကုန်၊ ဇန်နဝါရီ ၁၅
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာနေ ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၁ ဦးကို ဖမ်းဆီးသွားကြောင်း Chauk Guerrilla Force – C.G.F တာဝန်ခံ Ko Paing က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ချောက်မြို့နယ်၊ ကုန်းကြီးရွာ ပျူစောထီ စခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ထိန်းစမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ထိန်းစမ်းရွာမှ ပြည်သူ ၃ ဦးကို ဖမ်းဆီးပြီး ၂ ဦးကို ဦးခေါင်းတေ့၍ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကာ ကျန် ၁ ဦးကို နံနက် ၁၀ နာရီခန့်တွင် ကုန်းကြီးရွာ ပျူစောထီးစခန်းကို ဖမ်းဆီးပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
“ရွာသား ၂ ဦးဆိုရင် ခေါင်းတွေချည့်တေ့ပြီး ပစ်သတ်ခဲ့တာ။ စစ်ကြောင်း ထွက်သွားပြီးတော့ အလောင်းတွေကောက်ယူပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးပြီးပါပြီ” ဟု Chauk Guerrilla Force – C.G.F တာဝန်ခံ Ko Paing က ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာနေ ပြည်သူ တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း Myingyan District Army-3_MDA-3_Taungtha Youth တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ် သံမဏိစက်ရုံမှ အင်အား ၅၀ ကျော်ဖြင့် ခြုံကြီးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က ကျေးရွာနေပြည်သူ ကိုဟိန်းဇော်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးသွားပြီး ကျေးရွာ အနောက်ဘက်တွင် ပစ်သတ်၍ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း သိရသည်။
"စစ်ခွေးတွေက နံနက် အစောပိုင်းတည်းက ရွာထဲကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားတယ်။ သူတို့ ဖမ်းဆီးသွားတဲ့ ပြည်သူကိုတော့ ကျေးရွာ အနောက်ဘက်မှာ ပစ်ခတ် သတ်ဖြတ်ပြီး ရုပ်အလောင်းကို စွန့်ပစ်ထားခဲ့တယ်" ဟု Myingyan District Army-3_MDA-3_Taungtha Youth တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
စစ်မှုထမ်းဟောင်းများ ခရီးသွားလျှင် ဖုန်းထဲရှိ စစ်တပ်နှင့် ဆိုင်သော အချက်အလက်များ ဖျက်ထားပြီး ကိုယ့်လုံခြုံရေး ကိုယ်ဂရုစိုက် သွားလာကြရန် စစ်ကောင်စီက လျှို့ဝှက် စာထုတ်ထား
ရန်ကုန်၊ ဇန်နဝါရီ ၁၅
စစ်မှုထမ်းဟောင်းများ ခရီးသွားလျှင် ဖုန်းထဲရှိ ဒေတာများကို ဖျက်ထားရန်နှင့် တတ်နိုင်လျှင် ဖုန်း ၂ လုံးကိုင်ဆောင်ရန် စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုက လျှို့ဝှက် စာတစ်စောင်ကို ဌာနချုပ်မှူး ကျော်မျိုးမင်း ဆိုသူက ဇန်နဝါရီလ ၁၄ ရက်နေ့ ရက်စွဲနှင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ကချင်ပြည်နယ် ဗန်းမော်တွင် တိုက်ပွဲများ ပြင်းထန်နေ၍ ကချင်ပြည်နယ် စစ်ပြန် ဥက္ကဋ္ဌ ကာနယ် သိန်းဇော် (ငြိမ်း) နှင့် မိသားစု၀င် ၄ ဦး မန္တလေးဘက် ထွက်ပြေးစဉ် ဒီဇင်ဘာလ ၉ ရက်နေ့၌ ထီးချိုင့် ၊ မောင်းကုန်း ပူးပေါင်း ဂိတ်တွင် ခရီးသည်များ၏ ဖုန်းနှင့် ကွန်ပျူတာကို KIA နှင့် ပူးပေါင်း PDF တပ်ဖွဲ့များက စစ်ဆေးရာ စစ်ပြန်ဒေတာများကို တွေ့၍ ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်အပြီးတွင် ထိုသို့ စာထုတ်လာခြင်း ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရှိရသည်။
"ဖုန်းထဲမှာ စစ်တပ်နဲ့ ဆိုင်တဲ့ အချက်အလက်တွေ စစ်မှုထမ်းနဲ့ ဆိုင်တဲ့ အချက်တွေ ဖျက်ဖို့ ညွှန်ကြားတာ။ တကယ်တန်းဆိုရင် စစ်မှုထမ်းဟောင်းဆိုတာ စစ်တပ်ရဲ့ အဓိက အရန်အင်အားလို့ သူတို့ သတ်မှတ်ထားတာပေါ့။ ဒီအရန်အင်အားတောင် သူတို့ လုံခြုံအောင် မကာကွယ်နိုင်ဘူး ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဂရုစိုက်ကြဖို့ သူတို့ လုံခြုံရေး ယူမပေးနိုင်တော့ဘူးဆိုတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်"ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ကချင်ပြည်နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ကာနယ် သိန်းဇော် (ငြိမ်း) နှင့် မိသားစု၀င် ၄ ဦးကို တော်လှန်ရေးအဖွဲ့များက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီ လက်အောက်က စစ်သား နဲ့ ဝန်ထမ်းတွေအားလုံး စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နဲ့အတူ ဘ၀ကို ပေးဆပ်မှာလား ၊ ရုန်းထွက်မှာလားဆိုတာကို နောက်ဆုံး ရွေးရမယ့် အချိန်ရောက်နေပြီဖြစ်သလို ၊ ပြည်သူကို ဆန့်ကျင်သူ မှန်သမျှကတော့ နိဂုံးကောင်းမှာ မဟုတ်ဘူးလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောဆိုလိုက်ပါတယ်။
- မန္တလေးတိုင်း ၊ ပျော်ဘွယ်မြို့၊ မန္တလေးတန်းရပ်ကွက်မှာ နှစ်သစ်ကူးည မူးနေတဲ့ ရဲတပ်သား ထက်ဦးပိုင် အပါအဝင် ရဲ ၅ ဦးက ပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်တဲ့အချိန် လူထုက ပြည်လည်ဝိုင်းဝန်းရိုက်နှက်ရာမှာတော့ ရဲတွေ ထွက်ပြေးသွားကြတယ်လို့ ဒေသခဲ့ ပြည်သူတွေနဲ့ ရဲသတင်းရင်းမြစ်က ပြောထားပါတယ်။
- ပဲခူးတိုင်း ၊ ဖြူးမြို့နယ်၊ ဇေယျ၀တီမြို့မှာရှိတဲ့ ရမ်းနဂါးကျေးရွာ ဟိန္ဒူဘုရားကျောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဟိန္ဒူဘာသာဝင် ပြည်သူ ၇ ဦး သေဆုံးသွားခဲ့ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/watch?v=5qtmXOmdkwM